ကောလင်းမြို့နယ်၊ ရှောက်ပင်ခြုံကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် များ ထိခိုက်ပျက်စီး
သံလွင်မြန်မာသတင်း
မေလ ၇
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ရှောက်ပင်ခြုံကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိကြောင်း Kawlin People Defence Force – KLPDFနှင့်ဒေသသတင်းရင်းမြစ်များထံက သိရသည်။
ယနေ့ မေလ ၇ ရက် နံနက်အစောပိုင်း ၁ နာရီ ၅ မိနစ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ် ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ကောလင်းမြို့နယ် အရှေ့ ခြမ်းရှိ ရှောက်ပင်ခြုံကျေးရွာကို ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် လျှပ် စစ်ဓာတ်ကြိုး များ၊ ဓာတ်တိုင်များလည်း ပျက်စီးခဲ့ကြောင်း။ လူထိခိုက်မှုမရှိကြောင်း သိရသည်။
“တိုက်ပွဲဖြစ်တာမရှိပါဘူး။ ပြည်သူ့နေအိမ်ပေါ်ကို ဗုံးသီး ၂ လုံးချသွားတာ။ နေအိမ်၊ လျှပ်စစ်ဓာတ် ကြိုး၊ ဓာတ်တိုင်တွေပျက်စီးတယ်။ နေအိမ်လည်း ပျက်စီးတယ်။ လူတော့ ထိခိုက်မှုမရှိပါဘူး” ဟု ဒေသ သတင်းရင်းမြစ်က ပြောကြားသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ မေလ ၇ ရက်နေ့တွင် ရုရှားနိုင်ငံသို့ သွား ရောက်လျက်ရှိပြီး ထိုသို့ မသွားရောက်မီ တစ်ရက်အလိုတွင် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲသည်ဟု ကြေညာခဲ့သော်လည်း လေကြောင်းဖြင့် အရပ်ပြည်သူများကို ပစ် မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်နေခြင်းဖြစ်သည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ ယာယီအပစ်အခတ်ရပ်စဲမှုကာလအတွင်း အရပ်သား ပြည် သူများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Thanlwin Myanmar Media