Sagaing News

0 0
Read Time:2 Minute, 40 Second

စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး လေကြောင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများ ကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်နေမှုကြောင့် ပြည်သူ ၃ ဦးသေဆုံး၊ ကံကြီးကုန်းကျေးရွာကို စစ်တပ်က မီး ရှို့နေ

 

သံလွင်မြန်မာသတင်း

မေလ ၇

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးပြီး‌ လေကြောင်း၊ လက် နက်ကြီးများဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာများကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်နေမှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ကံကြီးကုန်းကျေးရွာကို မီးရှို့နေကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

ယမန်နေ့ မေလ ၆ ရက် နံနက် ၉ နာရီခန့်မှစ၍ စစ်ကိုင်းမြို့နယ်၊ ကံကြီးကုန်းကျေးရွာကို အကြမ်း ဖက် စစ်တပ်က ဝင်ရောက်မီးရှို့နေကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ဧပြီလ ၂၅ ရက် နေ့ကစ၍ စစ်ကိုင်းမြို့၊ တပ်မ ၃၃ မှ အင်အား ၇၀ ခန့်ဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး စစ်ကြောင်း ထိုး ထွက်လာချိန် လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ဒီနေ့(မေလ ၆ ရက်) မနက် ၉ နာရီလောက်ကစပြီး စစ်ကိုင်းမြို့နယ်၊ ကံကြီးကုန်းရွာကို စစ်တပ်က မီးရှို့နေတာ။ မီးက များတော့များတယ်၊ ရွာထဲမှာ လက်နက်ငယ်ပစ်သံတွေလည်းကြားရတယ်။ ရွာ သူရွာသားတွေ က ရွာထဲမှာ မနေတာတော့ကြာပြီ။ ၂ နှစ်လောက်ရှိပြီ။ အရင်နေ့တွေက လေကြောင်း ကနေရော၊ အုန်းတော ၆၀၀၅ အမြောက်တပ်နေရော နေ့ရော၊ ညရော ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ထုတာ၊ စစ် ကိုင်းတပ်မ ၃၃ က ထွက်လာတဲ့ စခတွေက ပဒူခွေးခြံကို သွားချင်နေတာ” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်တပ်က လေကြောင်းလက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ကံကြီးကုန်းကျေးရွာမှ ပြည်သူ ၂ ဦး၊ ကျောက်ပနံကျေးရွာမှ ပြည်သူ ၁ ဦး သေဆုံးပြီး ပြည်သူ ၁ ဦးဒဏ်ရာရရှိကာ နွား ၂ ကောင်လည်းသေဆုံးခဲ့ကြောင်း၊ စစ်တပ်စစ်ကြောင်းကြောင့် စာရေးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကျောက်ပနံကျေးရွာနှင့် ကံကြီးကုန်းကျေးရွာမှ ပြည်သူများမှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သိရသည်။

Thalwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *