Poem

0 0
Read Time:1 Minute, 2 Second

ကဗျာကဏ္ဍ “တိမ်ဖုံးချိန်”

 

ပျိုးကြဲလက်

 

ကလေးသူငယ် အခွင့်ရေး

မျှော်တွေးဖို့ မလွယ်ပြီ ။

 

အာဏာကို လုယူထားတဲ့

ဂုတ်ကျားမာန်ဖီ ။

 

ပြည်သူ့အစိုးရ ညံစီစီ

စာသင်ခန်းဆီ ပို့ဆဲ ။

 

ရာဇပလ္လင် ခွေးတက်တော့

ကျောင်းပျက်ရမြဲ ။

 

ကလေးလူရွယ် ပညာရေး

ဘဝပေးက ခါးသကို ။

 

အခွင့်သာချိန် စာသင်ဆဲ

ဗုံးကြဲသေးဆို ။

 

သင်ခန်းစာတို့ ကြမ်းသဗျို

ပျားသကာလို မချိုဘူး ။

 

လေကြောင်းရန် သင်ပြရင်းနဲ့

ဗုံးကျင်းကိုတူး ။

 

ခါတရံ လက်နက်ကြီးနဲ့

ချိန်ရွယ်ပြီး ထုတဲ့မောင် ။

 

ကိုယ်ချင်းစာတရား လက်ကိုင်ထားလို့

ကျောင်းများကိုရှောင် ။

 

ကလေးသူငယ် သတ်တဲ့ကောင်

အမိန့်ယောင်ယောင် မလွှဲနဲ့ ။

 

ကံဇာတာ အလှည့်ကျရင်

ခံကြစေကွယ့် ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက် ည ၁၀ နာရီ ၈ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *