Read Time:1 Minute, 4 Second
ကဗျာကဏ္ဍ “ပြည်သိမ်းပွဲတော်”
ပျိုးကြဲလက်
ပြည်အဝန်းမှာလ
စည်ရွမ်းသံ တညံညံနဲ့
ဗုံးအမြောက်ဒဏ် အာခံတုပါလို့
လူထုက စနစ်ဖြို ။
ရှမ်းချင်းကချင် ဒေသရယ်စုံလင်လို့
ကရင်ရခိုင်ကရင်နီ တလွှားမှာဖြင့်
အညာအကြေသားရယ်က
ညီနောင်ဖွား စုံစုံနဲ့
သတ္တိဂုဏ် အဖန်ဖန်ပြပြန်တော့
အောင်ကြရကို ။
သွေးချင်းတွေ တူဆုံခိုက်ဟာမို့
တိုက်စစ်အဟုန် မပြတ်လေတော့
မိုက်ပြစ်အကုန် ဆပ်ပေရော့
တပ်ပျက်ကြီးက တစစပြို
မြေပြန့်ကိုလည်း ဝါးမြိုဆဲ ။
အရေးတော် တခေတ်ဆန်းပါလို့
စစ်ပန်းတဲ့ ရန်သူရဲ့
ညစ်စမ်းကွယ့် အလံမဖြူနဲ့
ပြည်သူကို ရန်မူကြရင်ဖြင့်
မကြာမီ ထိုးစစ်ကြီးရယ်က
စစ်မီးကို အမြန်ငြှိမ်းလိမ့်မယ်
ပြည်သိမ်းမယ့်ပွဲ ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက် မွန်းလွဲ ၁ နာရီ ၄၃ မိနစ်
Thanlwin Myanmar Media