Bago News

0 0
Read Time:1 Minute, 36 Second

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာဆေးပေးခန်းကို ဖျက်ဆီးနေသော စစ်သားများအား တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၆

 

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာဆေးပေးခန်းကို ဖျက်ဆီးနေသော စစ်သား များအား တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မီးနဂါးစစ်ကြောင်း – Fire Dragon တပ်ဖွဲ့ ထံမှ သိရသည်။

 

ယမန်နေ့မေလ ၅ ရက် နံနက် ၁၁ နာရီခန့်က ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာထိပ်ရှိ ပုဇွန်မြောင်းကျေးလက်ဆေးပေးခန်းအဆောက်အဦအား ဖျက်ဆီးခိုးယူနေသော အကြမ်းဖက် စစ် ကောင်စီတပ်သားများနှင့်ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက စွန့်စွန့်စားစားဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူလည်းရှိကာ အတိအ ကျသိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို P2- ၃၇၀၃ Fire Dragon ရဲဘော်များ နှင့် KNLA တပ်ရင်း (၇) ရဲဘော်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *