တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးနယ်မြေတွေ ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော (ရုပ်သံ)
သံလွင်မြန်မာသတင်း
မေလ ၅
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးနယ်မြေတွေ ဖွဲ့စည်းတည်ထောင်ထားပြီးဖြစ်ကြောင်း NUG အစိုးရ၊ ပြည်သူထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။
ယနေ့ မေလ ၅ ရက်နေ့တွင် ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင် ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြောကြားသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ် သည်။
“ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဟာ တစ်တိုင်းတစ်ပြည်လုံးအတိုင်းအတာနဲ့ ခြုံငုံပြီး စစ်ဆင် ရေးနယ်မြေတွေ ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်သလို စနစ်ကျတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံတွေနဲ့ ပြည်သူ့ တပ်မတော် တစ်ရပ်ဖြစ်အောင် ကြိုးစား အကောင်အထည်ဖော်နေတာကိုတွေ့နေရတယ်။ နှစ်ပေါင်း များစွာ တိုင်းပြည်ကို နိမ့်ကျစေပြီးနိုင်ငံသူ၊ နိုင်ငံသားများကို ဆင်းရဲတွင်း နက်စေတဲ့ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ်ဖို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူ့ သားကောင်းများအဖြစ် ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးဖို့ သံဓိဌာန်ချထားကြ လိမ့်မယ်လို့လည်း ယုံကြည်တယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြား သည်။
Thanlwin Myanmar Media