Bago News

0 0
Read Time:3 Minute, 24 Second

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) နှင့် တောင်ငူ (ကေတုမတီ) လေတပ်တို့ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု လေတပ်အရာရှိ ၂ ဦး၊ လေတပ်ရဲမေ ၂ ဦးအပါအဝင် စုစုပေါင်း ၁၁ ဦးသေဆုံးပြီး အ ဆောက်အအုံအချို့ထိခိုက်ပျက်စီး

 

သံလွင်မြန်မာသတင်း

မေလ ၄

 

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) နှင့် တောင်ငူ (ကေတုမတီ) လေတပ်တို့ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု လေတပ်အရာရှိ ၂ ဦး၊ လေတပ်ရဲမေ ၂ ဦးအပါအဝင် စုစု ပေါင်း ၁၁ ဦးသေဆုံးပြီး အ ဆောက်အအုံအချို့ထိခိုက်ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) ကထုတ်ပြန်သည်။

 

ဧပြီလ ၃၀ ရက် ည ၉ နာရီ ၃၅ မိနစ်တွင် တောင်ငူမြို့အခြေစိုက် စစ်ရှုံးကောင်စီ၏ တောင် ငူ(ကေတုမတီ) လေတပ်စခန်းအတွင်းသို့ ၁ဝ၇ မမ ရှော့တိုက်ဒုံး ၆ လုံး ဖြင့်ပစ်ခတ်ရာ ၆ လုံးစလုံး အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အလားတူ ဧပြီလ ၃၀ ရက် နံနက်အစောပိုင်း ၁ နာရီ ၃၇ မိနစ်က အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် -တပခ အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၈ လုံး စလုံး အောင်မြင်စွာပေါက်ကွဲခဲ့ကြောင်း သိရ သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) တိုင်းရုံးစစ်ဦးဌာနရှိသော အဆောက်အဦးဘက်အခြမ်း တိုင်းငွေစာရင်းရုံး၊ စခန်းရုံးနေရာအချို့ထိခိုက်ပျက်စီးခဲ့ပြီး လေတပ် အ ရာခံဗိုလ်နင့်တပ်ကြပ်ကြီးလိုင်းခန်းနေအိမ် ၂ လုံး ၊ အရာရှိလိုင်းခန်း နေအိမ် ၂ လုံး မီးလောင်ပျက်စီး ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် လေတပ်ရဲမေ ၂ ဦး အပါအဝင် လေတပ်အရာရှိ ၃ ဦးနှင့် အခြားအဆင့်စစ်သည် ၈ ဦး သေ ဆုံးခဲ့ပြီး အရာရှိ ၅ ဦးနှင့် အခြားအဆင့်စစ်သည် ၁၂ ဦးစိုးရိမ်ဖွယ်ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

အလားတူ လေတပ်သုံးမော်တော်ယာဉ် ၂ စီးမီးလောင်ပျက်စီးခဲ့ပြီး လေယာဉ်သိုလှောင်ရုံအဆောက် အဦးအပါအဝင် အဆောက်အဦး ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ တောင်ငူလေတပ်အတွင်းရှိ စစ် ကောင်စီ လေတပ်အရာရှိ၊ စစ်သည် အချို့ သေဆုံးမှုများနှင့် ပြင်းထန်ဒဏ်ရာရသူအချို့ရှိကြောင်း သိ ရသည်။

 

တောင်ငူလေတပ်ထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ သတင်းဖုံးဖိမှုများနှင့် တားမြစ်ကန့်သတ်မှုများစွာရှိနေသည့်အတွက် ထိခိုက်သေဆုံးမှု ကိန်းဂဏန်းအချက်အလက်ကို အတိအကျဖော်ပြ၍မရနိုင်ကြောင်း BWM က အသိပေးထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၊ Mountain Knight Civilian Defense Forces (MKCDF)। Anti- Coup People’s Liberation Force (ACPLF) ၊ သံတောင် မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *