Magway News

0 0
Read Time:3 Minute, 40 Second

မြိုင်မြို့နယ်အရှေ့တောင်ပိုင်းရှိကျေးရွာများကို ပစ်မှတ်ထားကာ စစ်ကောင်စီက ယမန်နေ့ညပိုင်း မှစ၍ ယနေ့မနက်ပိုင်းအထိတောက်လျှောက် ဗုံးကျဲနေ

 

သံလွင်မြန်မာသတင်း

မေလ ၃

 

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ ပြည်သူများနေထိုင်ရာကျေးရွာများကို ပစ်မှတ်ထားက စစ် ကောင်စီက ယမန်နေ့ ညပိုင်းမှစ၍ ယနေ့မနက်ပိုင်းအထိတောက်လျှောက် ဗုံးကျဲနေကြောင်း အညာ မြေ အရပ်ဖက်လူမှုကူညီရေး အဖွဲ့ အစည်း -မြိုင်မြို့နယ်ထံမှ သိရသည်။

 

ယနေ့ မေလ ၃ ရက် နံနက် ၇ နာရီ ၃၂ မိနစ်မှ စ၍ ယခုအချိန်အထိ မြိုင်မြို့နယ် အရှေ့တေင်ပိုင်းရှိ ပြည်သူများနေထိုင်ရာကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် တောက် လျှောက်ဗုံးကျဲနေပြီး ပြည်သူများထိခိုက်သေဆုံးမှု၊ နေအိမ်များ ထိခိုက်ပျက်စီးမှုအခြေအနေကို သိရှိ ရခြင်း မရှိသေးကြောင်း သိရသည်။

“ထိခိုက်ပျက်စီးမှုက မသိရသေးဘူး။ အခုတမနက်လုံး မြိုင်မြို့အရှေ့တောင်ဘက်တဝိုက်ကရွာတွေ ကိုချနေတာ။ အခုမနက်တော့တောက်လျှောက်ချနေတာ၊ အခုလည်းထပ်ချနေတာ ၃ ကြိမ်ရှိပြီ။ မနေ့ညက ၈ ကြိမ်ဗုံးကျဲသွားတာလည်း ထိခိုက်မှုက မသိရသေးဘူး။ ဒီနေ့မနက်လည်း ထပ်ချနေ တော့ အသေးစိတ်က မသိရသေးပါဘူး။ အခုလည်း ပါရာမိုတာတွေ ဝဲနေတယ်” အညာမြေ အရပ် ဖက် လူမှုကူညီရေး အဖွဲ့ အစည်း -မြိုင်မြို့ နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယမန်နေ့ မေလ ၂ ရက် ည ၁၁ နာရီအချိန်တွင် မြိုင်မြို့နယ်အတွင်းရှိ ပြည်သူများနေထိုင်ရာ နေရာတစ်ခုကို ဦးတည်ကာ တံတားဦး လေတပ်မှ တပ်လာသော Y-12 စစ်ထာက်ပို့ /ဗုံးကျဲးလေယာဥ် ၁ စီးဖြင့် ဗုံးသီး ၁ လုံး၊ ၁၁ နာရီ ၂၂ မိနစ်တွင် ဗုံးသီး ၂ လုံး ၊ ၁၁ နာရီ ၂၅ မိနစ်တွင် ဗုံးသီး ၄ လုံး၊ ၁၁ နာရီ ၂၈ မိနစ်တွင် ဗုံးသီး ၃ လုံး၊ ၁၁ နာရီ ၃၁ မိနစ်တွင် ဗုံးသီး ၈ လုံး ၊ ၁၁ နာရီ ၃၄ မိနစ်တွင် ဗုံးသီး ၄ လုံး၊ ၁၁ နာရီ ၃၇ မိနစ်တွင် ဗုံးသီး ၄ လုံး၊ ၁၁ နာရီ ၄၁ မိနစ်တွင် ဗုံးသီး ၄ လုံး စုစုပေါင်း ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

“စကစအနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေ၊ ဗုံးကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေ ရပ်တန့်ပေးဖို့တောင်းဆိုချင်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ဗုံးခိုကျင်းတွေ မဖြစ်မနေတူးထားကြဖို့ ၊ လေကြောင်းသတင်းပေးစနစ်တွေထားကြဖို့၊ လေယာဉ်တွေ၊ စက်တပ်လေထီးတွေ စတဲ့ ကောင်းကင်ကနေ ထူးဆန်းတဲ့အရာတွေကို မလေ့လာမစူးကြဖို့ တိုက် တွန်းချင်ပါတယ်” ဟု အညာမြေ အရပ် ဖက် လူမှုကူညီရေး အဖွဲ့ အစည်း -မြိုင်မြို့ နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

မြိုင်မြို့နယ်၊ပေါက်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် လေကြောင်းသတင်း၊ စစ်ကြောင်း သတင်းများအမြဲနားစွန့်ကာ နေထိုင်ကြပါရန်၊ သက်ကြီးရွယ်အို၊ ကလေးသူငယ္များကို ကြိုတင်ပြောင်း ရွှေ့ထားကြပါရန်နှင့် ဗုံးခိုကျင်းများတူး၍ ပုန်းအောင်နေထိုင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *