တရုတ်အစိုးရ၏ ကြားဝင်ဖျန်ဖြေမှုသည် စစ်အာဏာရှင်စနစ် သက်ဆိုရှည်အောင် မဖြစ်သင့်ပဲ တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးက ဖြစ်သင့်ဖြစ်ထိုက်သည့်မူများပေါ်တွင် အခြေခံကာ တိုက်တွန်းရန်လိုအပ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်းပြောဆို
သံလွင်မြန်မာသတင်း
မေလ ၂
တရုတ်အစိုးရ၏ ကြားဝင်ဖျန်ဖြေမှုသည် စစ်အာဏာရှင်စနစ် သက်ဆိုရှည်အောင် မဖြစ်သင့်ပဲ တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးက ဖြစ်သင့်ဖြစ်ထိုက်သည့်မူများပေါ်တွင် အခြေခံကာ တိုက်တွန်းရန်လိုအပ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်းပြောဆိုသည်။
ဧပြီလ ၂၉ ရက်န့က ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေး ၁၃/၂၀၂၅ တွင်၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“တရုတ်ရဲ့ မြန်မာ့အရေး ကြားဝင် ဖျန်ဖြေမှုတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မဖြစ် စေသင့်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အပါအဝင် တိုင်းရင်း သား တော်လှန်ရေး အင်အားစုတွေအနေနဲ့လည်း တရုတ်ရဲ့ ကြားဝင် ဖျန်ဖြေမှုတွေနဲ့ ပတ်သက်ပြီး၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ မူတွေအပေါ်မှာ အခြေခံဖို့ ကျွန်တော်တို့အားလုံး တိုက်တွန်းနှိုးဆော်သင့်တယ် လို့ ယူဆပါတယ်။” ဟု NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
တရုတ်နိုင်ငံအစိုးရသည် အမျိုးသားညီညွတ်ရေးအစိုးရအပေါ် အမျိုးမျိုးသော ထင်ကြေးများဖြင့် ချဉ်း ကပ်နေသည်မှာ ကြာမြင့်ပြီဖြစ်ပြီး ယင်းအမြင်များကို ပြန်လည်တည့်မတ်ပေးရန်နှင့် အလေးအနက် ကိုင်တွယ်ဖြေရှင်းပေးရန် လိုအပ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရသည် တရုတ်နိုင်ငံ၏ရန်သူ မဟုတ်ကြောင်း ၊ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေမည့်အဖွဲ့မဟုတ်ကြောင်း အသိပေးထား သည်။
“ဒေသတွင်းနိုင်ငံတွေထဲမှာ ဩဇာသိပ်ကြီးထွားလာတဲ့ တရုတ်အနေနဲ့ မြန်မာ့အရေးမှာ တက်တက် ကြွကြွ ဝင်ရောက် ဖျန်ဖြေမှုကို မငြင်းပယ်ပေမယ့်၊ တစ်ဖက်မှာလည်း ယခုထက် ပိုမိုကျယ်ပြန့်သော ချည်းကပ်မှုတွေနဲ့ ကြားဝင် ဖျန်ဖြေမှသာ ရေရှည်အတွက် ဆေးနည်းကောင်း ဖြစ်တယ်လို့ ယူဆ ပါတယ်၊ အခုလုပ်ရပ်က မြန်မာ့အရေးကို လတ်တလော အနာသက်သာရုံ “ဆေးမြီးတို” လောက်နှင့် ကျေနပ်တင်းတိမ်ရမလို ဖြစ်နေတယ်လို့ ယူဆပါတယ်” နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တရုတ်နှင့်ပတ်သက်၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကို အခြေခံသည့် နိုင်ငံခြားရေးသဘောထားရှိပြီး တရုတ်၏ ရန်ဘက်အင်အားစုတစ်ခုမဟုတ် ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ အကျိုးစီးပွားများနှင့် ပတ်သက်၍လည်း အမျိုးသား ညီညွတ်ရေး အစိုးရသည် ဆူးညှောင့်ခလုတ်အဖြစ် ရှိနေမည် မဟုတ်ဘဲ မိတ်ဖက်အနေဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံကို သတင်းစကားပါးထားသည်။
Thanlwin Myanmar Media