Magway News

0 0
Read Time:1 Minute, 46 Second

ကျောက်ထုတိုက်နယ်အတွင်းကို စစ်ကောင်စီတပ်က လေယာဉ် ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်

 

သံလွင်မြန်မာသတင်း

မေလ ၂

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်အတွင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေယာဉ် ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယောအလင်းတန်းမှ ယောအလင်းတန်းထံမှ သိရသည်။

 

ယမန်နေ့ မေလ ၁ ရက် ည ၁၀ နာရီ ၅၀ မိနစ်က အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေဆိပ်မှ တက်လာသော Yak – 130 Jet Fighter တစ်စင်းနှင့် မိတ္ထီလာရှမ်းတဲလေးလေတပ်မှ တက်လာသော MIG 29 ဂျက်ဖိုက်တာ ၁ စင်းတို့ဖြင့် ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်အတွင်းကို ဗုံးကျဲတိုက်ခိုက် ခဲ့ပြီး ပြည်သူလူထုထိခိုက်မှုမရှိကြောင်း သိရသည်။

“လေကြောင်းကနေ ဗုံးကျဲသွားတာက ထိခိုက်မှုတော့ မရှိပါဘူး။ ဖုန်းလိုင်းတွေလည်း ပြတ်နေတော့ ဆက်သွယ်ရေးကလည်း အရမ်းခက်ခဲနေပါတယ်။” ဟု ယောအလင်းတန်းမှကိုဘကောင်းက ပြော ကြားသည်။

 

ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ယောနယ်ဒေသကို ဖုန်းလိုင်းများဖြင့် တောက် ကာနေ့စဉ်ရက်ဆက် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုလုပ်ဆောင်လျက်ရှိပြီး မိဘပြည်သူများအနေ ဖြင့် လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြပါရန်နှင့် ဗုံးခိုကျင်းများတူးထားကြ ရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *