Read Time:57 Second
ကဗျာကဏ္ဍ “လူ့ဂုဏ်”
ပျိုးကြဲလက်
ပန်းတို့ရနံ့ ၊ သင်းပျံ့ပျံ့သည်
ညံ့ညံ့ညင်းညင်း ၊ လေစုန်ဆင်း၍
သတင်းထုံမွှေး ၊ စမ်းနှယ်အေး ။
ပန်းဂုဏ်သတင်း ၊ ဘယ်လိုသင်းစေ
အချင်းမဲ့ဟန် ၊ ရနံ့မာန်နှင့်
လေဆန်မတက် ၊ လေညာသက်သည်
ရက်လရှည်ကြာ ၊ ဓမ္မတာ ။
ပန်းသို့တမူ ၊ ဂုဏ်ရည်တူစွ
လူဟူကလျှင် ၊ ရိုးဂုဏ်အင်နှင့်
တွင်တွင်ထမ်းပိုး ၊ ပြည့်အကျိုးကို
ဆတိုးရွက်သယ် ၊ သူ့နယ်ပယ်၌
ပန်းနှယ်ထုံမွှေး ၊ ရနံ့သွေးသည်
ချိုအေးပါဘိ ၊ သင်းပျံ့၏ ။
လူဂုဏ်သတင်း ၊ ရနံ့သင်းလျှင်
လူချင်းဆောင်လျှက် ၊ လေညာတက်သို့
သက်သည့်လေစုန် ၊ ရနံ့ထုံသည်
ပန်းဂုဏ်ဘယ်သို့ ၊ မီမှာမို့ ။
ကွယ်
နန်းဂုဏ်ထည်သမို့ ၊ ပြည်သာဖို့ ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၉ ရက် မွန်းလွဲ ၁ နာရီ ၄၈ မိနစ်
Thanlwin Myanmar Media