ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာတစ်ရွာလုံးကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကြောင်းအားတိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံး
သံလွင်မြန်မာသတင်း
မေလ ၁
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဗလဘကျေးရွာတစ်ရွာတစ်ရွားလုံးကို မီးရှို့ဖျက်ဆီးခဲ့သော စစ် ကြောင်း အားတိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်း Burma Revolution Rangers တပ်ဖွဲ့က ထုတ်ပြန်သည်။
ဧပြီလ ၂၀ ရက် နံနက် ၄ နာရီက ပခုက္ကူမြို့မှ အင်အား ၂၅၀ ကျော်ဖြင့် ရေစကြိုမြို့နယ်အတွင်းသို့ ထွက်လာသောအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် နံနက် ၉ နာရီတွင် ကြူကျေးရွာသို့ ရောက်ရှိခဲ့ ကြောင်း၊ ထို့နောက် ဗလဘကျေးရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလာစဉ် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ရာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး အထိနာသွား သော အကြမ်းဖက်သားများသည် ကြူကျေးရွာဘက်သို့ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။
ထို့နောက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်တွင် ကြူကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာလာရာ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ထပ်မံအထိနာပြီး ကြူကျေးရွာအတွင်းသို့ ထပ်မံ ဆုတ်ပြေးသွားကြောင်း သိရသည်။
ဧပြီလ ၂၁ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်ကြောင်းက ကြူကျေးရွာအတွင်းမှ ဗလဘကျေးရွာ ဘက်သို့ ထပ်မံစစ်ကြောင်းထိုးလာရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ၂ နာရီကျော်ကြာ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂၀ ဦးကျော်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရ စစ်သားများကို ပခုက္ကူမြို့သို့ ၃ ဘီးကားဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။
မြေပြင်မှ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိပဲ ထိခိုက်သေဆုံးမှုများပြားနေသည့် စစ်ကြောင်းသည် ဝေဟင်ပစ်ကူခေါ်ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာပေးခဲ့ရပြီး တိုက်ပွဲအတွင်း ရေစကြိုတပ်ပေါင်းစုမှ ပြည်သူ့ကာ ကွယ်ရေး ရဲဘော်တစ်ဦး အသက်ပေးလှူခဲ့ရကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Burma Revolution Rangers တပ်ဖွဲ့၊ ရေစကြိုတပ်ပေါင်းစု၊ ပခုက္ကူခရိုင် တပ်ရင်း၂ ၊ တပ်ရင်း ၃ ၊ တပ်ရင်း ၁၀ ၊ ရေစကြိုမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ပလဖ၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ၊ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကမ္မတပ်ပေါင်းစု၊ နယ်စည်းမခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အမေ့လက်ရုံးပျောက်ကျားတပ်၊ဒေါင်းညီနောင်နှင့် Wolf Brothers တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ဗလဘကျေးရွာအတွင်းနေပြည်သူများကို ဘုန်းကြီး ကျောင်းအတွင်း၌ ဓားစာခံဖမ်းဆီးထားကာ နေအိမ်များကို ၂ ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဗလဘကျေးရွာတစ်ရွားလုံးပြာကျဆုံးရှုံးခဲ့ကြောင်း၊ ယင်းမီးရှို့ဖျက်ဆီးမှုကိုလည်း PDF တပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့သဖြင့် စစ်သားများက မီးငြှိမ်းပေးခဲ့ရသည်ဟု လိမ်လည်ဝါဒဖြန့်ခဲ့ကြောင်း ယင်း စစ်တပ်စစ်ကြောင်းအတွင်းမှ ထွက်ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ အလင်းဝင်ခဲ့ သည့် စစ်မှုထမ်းစစ်သားများက ဝန်ခံထွက်ဆိုထားသည်။
Thanlwin Myanmar Media