Magway News

0 0
Read Time:2 Minute, 50 Second

ရေစကြိုခလရ ၂၅၈ တပ်ရင်းမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေ ဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မေလ ၁

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခလရ ၂၅၈ တပ်ရင်းမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ကြောင်း ရေစကြို PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၉ ရက် နံနက် ၅ နာရီခန့်က ရေစကြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၅၈ တပ်ရင်းအတွင်းမှ အင်အား ၁၅၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထန်းဆယ်ပင်ကျေးရွာအနီးတွင် အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ တနေကုန်နီးပါး အပြန်အလှန်ပစ် ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ထန်းဆယ်ကျေးရွာအနီးမှာဖြစ်တာ။ တနေကုန်နီးပါပဲ။ တိုက်ပွဲဖြစ်ပြီးတော့ ရွာထဲကို မီးဝင်ရှို့တယ်၊ မီးရှို့နေတဲ့အချိန် မှာလည်း တိုက်ပွဲကဖြစ်နေတာ၊ မီးရှို့ပြီးတော့လည်း တိုက်ပွဲကထပ်ဖြစ်သေးတယ်။ အဲဒီလို ထပ်ဖြစ် တဲ့ အချိန်မှာ ကျနော်တို့ဘက်က ရဲဘော် တစ်ဦးကျသွားတာ၊ အသေကတော့ ၃ ဦးပဲ သတင်းရတယ်၊ ဒီထက်တော့များနိုင်တယ်။ စုံတော့စုံစမ်းနေတုန်းပဲ၊ ညနေပိုင်းကျတော့ ပြန်ဆုတ် သွားတာ” ဟု ရေစကြို PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းတိုက်ပွဲအတွင်းသို့ ရေစကြိုမြို့ပေါ် စုပေါင်းရုံးမှ လက်နက်ကြီး ပစ်ကူများပေးခဲ့ပြီး စစ်သား များ က ထန်းဆယ်ပင်ကျေးရွာအတွင်း မီးရှို့၍ ပြန်ထွက်လာပြီးနောက် ညနေပိုင်းတွင် ထပ်မံ တိုက်ပွဲ ဖြစ်စဉ်ရေစကြိုမြို့နယ်ပကဖမှ ခွဲမှူးရဲ ဘော်တစ်ဦး ကျည်ထိမှန် ကျဆုံးခဲ့ကြောင်း သိရ သည်။

 

အကြမ်းဖက်စစ်သားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထန်းဆယ်ပင်ကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ် ၁၁ လုံးကို ပြာကျခဲ့ကြောင်း၊ အထိနာသွားသောစစ်ကြောင်းသည် ညနေပိုင်းအချိန်တွင် ခလရ ၂၅၈ တပ်ရင်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်ပကဖ နှင့် ပခုက္ကူခရိုင် အမှတ် ၉ တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *