Bago News

0 0
Read Time:3 Minute, 45 Second

ထန်းပင်မြို့နယ်တွင် ရိက္ခာ ကြို/ပို့ စစ်ကြောင်း ၂ ခု ကို တော်လှန်ရေးတပ်ဖွဲ့များက တာဝန်အသီးသီး ခွဲဝေယူကာ တိုက်ခိုက်မှု စစ်သား ၁၁ ဦး သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မေလ ၁

 

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အခြေစိုက် ခလရ ၇၃ မှ ထွက်လာသော စစ်ကြောင်းနှင့် သပြေညွန့်စခန်းမှ ထွက်ကြိုသော စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်အသီးသီးခွဲယူကာ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း ယောနသံဒရုန်းတပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၈ ရက်နံနက်ပိုင်းက ထန်းတပင်မြို့နယ် အခြေစိုက် ခလရ ၇၃ တပ်ရင်းမှ သပြေညွန့်စခန်း ကို ရိက္ခာပို့ရန် လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၃၅၀၁ တပ်ခွဲ ၂ ၊ တပ်ရင်း ၃၅၀၂ ၊ တောင်ငူ ပကဖ နှင့် ယောနသံ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီလ ၂၈ ရက် ညနေ ၃ နာရီဝန်းကျင်က တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ KNU တပ် မဟာ ၂ နယ် မြေသပြေညွန့်စခန်းမှ ဒဏ်ရာရစစ်သားများကို ဇရပ်ကြီးမြို့အခြေစိုက် ခလရ ၇၃ တပ် ရင်းသို့ ပို့ဆောင်ရန် လာရောက်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ် သား ၅ ဦး ထက်မနည်း ထိခိုက်သေဆုံးသွားကြောင်းသိရသည်။

 

“တိုက်ပွဲက မနက်ပိုင်းကစတာ ညအထိပဲ၊ အင်အားက ၇၀ လောက်ရှိတယ်၊ ၇၃ ကနေလာတဲ့ စစ် ကြောင်းကို သပြေညွန့်ကနေ ထွက်ကြိုတဲ့သဘော၊ လူနာတွေလည်းပါတယ်။ အဲဒီစစ်ကြောင်း ၂ ကြောင်းလုံးကို အဖွဲ့တွေခွဲပြီး တိုက်ခိုက်ခဲ့ကြတာပါ။ သပြေညွန့်စခန်းကနေလာတဲ့စစ်ကြောင်းက ပြည်သူတွေကို ဖမ်းလာပြီး လူသားဒိုင်းကာလုပ်ပြီးလာတာ။ ထွက်ပြေးလွတ်မြောက်လာတဲ့သူဆိုရင်  ဖမ်းလာတဲ့အချိန် ဒရုန်းကျလာလို့ စခတွေထွက်ပြေးတဲ့အချိန်မှာ သူလည်းထွက်ပြေးလာခဲ့တာ လို့ ပြောတယ်။ တိုက်ခိုက်တဲ့အချိန်မှာ ပြည်သူထိခိုက်မှုတော့မရှိပါဘူး။ မနက်ခင်းပိုင်းဖမ်းလာပြီး ညနေ ပိုင်းတော့ ပြန်လွှတ်ပေးလိုက်တယ်” ဟု ယောနသံဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို ​တောင်ငူမြို့နယ်ပြည်သူ့ကာကွယ်အရေးအဖွဲ့ (ပကဖ)နှင့် မဟာမိတ်အဖွဲ့ အစည်းများဖြစ်ကြသော တောင်ငူခရိုင် ၃၅၀၁ တပ်ရင်း ဒရုန်းတပ်ဖွဲ့၊ ၃၅၀၂ တပ်ရင်း တပ်ခွဲ ၃၊ KNU တပ်မဟာ၂ တပ်ရင်း ၆ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ နီးစပ်တဲ့နေရာတွေမှာ မနေကြဖို့နဲ့ စစ်ကြောင်း ထိုးလာတတ်တဲ့နေရာတွေနဲ့ အနီးအနားတွေကို မသွားကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ယောနသံ ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *