Tanintharyi News

0 0
Read Time:2 Minute, 6 Second

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတွင် ၂ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၈ ဦးထက်မနည်းသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၃၀

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတွင် ၂ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၈ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရ သည်။

 

ဧပြီလ ၂၄ ရက် နံနက် ၁၁ နာရီခန့်က ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ လဲရှောင်ကျေးရွာ၊ ခြေတော် ရာတောင်ခြေအနီးတွင် ထားဝယ်အထူးစီးပွားရေးဇုံသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ် ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲံမှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ ရက်ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်သား ၈ ဦးထက်မနည်းသေဆုံးကာ အများ အပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဖြူပကဖ) ၊ ထားဝယ် ပြည်သူ့ လွတ်မြောက်ရေးတပ်(TPLF) သာဂရစစ်ကြောင်း ၊ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း ၊ T1 ၊ ဒေါန စစ်ကြောင်း ၃ ၊  တပ်ခွဲ-၄ (KBDF) ၊ တပ်ခွဲ – ၆ (ဝေဟင်) ၊ တပ်ခွဲ – ၇ (LPF) ၊ ထားဝယ်ခရိုင် ပြည် သူ့ကာကွယ်ရေးတပ်ဦး (DDPDF) ၊ DGRF ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ နှင့် ရွှေဘီလုံးတပ်ဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ရေဖြူမြို့နယ်ပူးပေါင်းမဟာမိတ်အဖွဲ့အနေဖြင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ တိုက်ခိုက်‌ ချေမှုန်းသွားမည်ဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံတပ်သားများအနေဖြင့်လည်း ပြည်သူလူထုနှင့် အမြန်ဆုံးပူးပေါင်းပါဝင်ကြရန် အသိပေးတိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *