ကလေးဝမြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ပြည်သူ ၂ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဧပြီလ ၃၀
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ကလေးဝမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဧပြီလ ၂၉ ရက် မွန်းလွဲပိုင်းက ကလေးဝမြို့နယ်၊ ကျွဲနန်၊ ဆင်ခေါင်း၊ ဂဇက် တို့ကို အကြမ်း ဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ Y12 လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ သေဆုံးသူများတွင် ကျွဲနန်ကျေးရွာနှင့် ဂဇက်ရွာတို့မှ အသက် ၅၈ နှစ် အရွယ် အမျိုးသား တစ်ဦး နှင့် အသက် ၅၄ နှစ် အရွယ် အမျိုးသမီးတစ်ဦးတို့ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ပြီး ၃ ဦး ဒဏ် ရာ ရရှိခဲ့သည့်အပြင် ပြည်သူ့နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲသည်ဟု ကြေညာထားသော်လည်း နေ့စဉ်ရက် ဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ပြီး သေဆုံးသူ ရာချီရှိကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရာချီရှိကြောင်း၊ ထို့အပြင် ပြည်သူတို့၏ အိုးအိမ်စည်းစိမ်များလည်း ပျက်စီးဆုံးရှုံးမှုရှိကြောင်း သိရသည်။
Thanlwin Myanmar Media