ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာတစ်ရွာတစ်လုံးကို စစ်တပ်က မီးရှို့ပြီး PDF က မီးရှို့ခဲ့သည်ဟု စစ်တပ်က ဝါဒပြန်ဖြန့်ခဲ့ကြောင်း အလင်းဝင်စစ်သားများက ဝန်ခံ (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဧပြီလ ၃၀
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာတစ်ရွာလုံးကို စစ်တပ်က မီးရှို့ပြီး PDF က မီးရှိုခဲ့သည် ဟု စစ်တပ်က ဝါဒပြန်ဖြန့်ခဲ့ကြောင်း အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားများက ဝန်ခံထွက်ဆိုခဲ့ ကြောင်း Southern YSO PDF တပ်ဖွဲ့ထံမှ သိရသည်။
ဧပြီလ ၂၀ ရက်နေ့က ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၆၊ ၂၅၇ ၊ ၂၅၈ စစ်တပ်မှ စစ်ကောင်စီတပ် သားများသည် ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအတွင်းသို့ စစ်ကြောင်းဝင်ရောက်ကာ ပြည်သူ ၃၀ ခန့်ကို ဓားစာခံဖမ်းဆီးထားပြီး နေအိမ်များကို ၂ ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ရာ တစ်ရွာလုံးပြာကျ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“ဘလဗရွာကို မီးရှို့တာ ၂ ခါရှို့ တာ။ ပထမတစ်ခါရှို့၊ ရှို့ပြီးတဲ့အချိန်မှာ စစ်တပ်က ဘုန်းကြီး ကျောင်း ထဲမှာ ဖမ်းထားတဲ့အထဲက ဖွားတောကြီးနှစ်ယောက်ရယ်၊ အဖိုးကြီးတစ်ယောက်ရယ် ၃ ယောက်ပေါ့။ သူတို့က ကျနော်တို့မီးရှို့ထားတဲ့အိမ်တွေမှာ။ သူတို့အိမ်တွေမှာ နွားတွေချည်ထားခဲ့တာပေါ့နော်။ အဲ လိုပြောတော့ မီးကို သွားငြှိမ်းပေးပေါ့။ သွားငြှိမ်းတာမှာ အယောက် ၃၀ လောက်ရှိမှာပေါ့၊ အယောက် ၃၀ လောက်ကိုယ့်သာသာကိုသွားငြှိမ်း။ သွားငြှိမ်းတာမှာ သူတို့က ဓာတ်ပုံရိုက်ပြီးတော့ PDF ရှို့ထား တာကို တပ်မတော်သားတွေက ငြှိမ်းပေးနေပါတယ်ဆိုပြီး လိုင်းပေါ်တင်တာပေါ့၊ သူတို့ ဘာသာ သူတို့ရှို့ပြီးတော့ ဖမ်းထားတဲ့ဓားစာခံတွေကအကူအညီတောင်းလို့ သွားငြှိမ်းတာကို PDF က မီးရှို့လို့ တပ်မတော်သားတွေက သွားငြှိမ်းပေးရတယ်လို့ လိုင်းပေါ်တင်ထားတယ်ဆိုပြီး အဘလေး ခေါ်တဲ့ သူကိုယ်တိုင်က ဖုန်းဆက်တာ။ အဲဒါကို သူကိုယ်တိုင်ဖုန်းဆက်ပြီးပြောနေတာ၊ ဘလဗရွာ တစ်ရွာလုံးကို ရှို့ခဲ့တာ။ ၂ ခါရှို့ခဲ့တာ။ ပထမတစ်ခါရှို့တော့ တစ်ခြမ်းပေါ့၊ နောက်ရပ် ထပ်ရှို့တော့ အ ကုန် အပြောင်ပေါ့။ နှစ်ရက်ဆက်တိုက် စစ်တပ်က ရှို့တာ။” ဟု အလင်းဝင်ခဲ့သည့် စစ်သား ၁ ဦးက ရှင်းပြသည်။
ဧပြီလ ၂၄ ရက်နေ့က ရေစကြိုမြို့နယ်အခြေစိုက် ခလရ ၂၅၇ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ချစ် စမ်းကိုသည် MA1 အမျိုးအစား သေနတ် ၁ လက်ဖြင့်လည်းကောင်း၊ ၂၅.၄.၂၀၂၅ ရက်နေ့တွင် ရေစ ကြို မြို့အခြေစိုက် ခလရ ၂၅၆ တပ်ရင်းမှ တပ်သား မြင့်စိန်သည် လက် နက်မပါပဲ ၅ ဒသမ ၅၆ ကျည်အတောင့် ၅၀၀ ဖြင့်လည်းကောင်း၊ ဧပြီလ ၂၆ ရက်နေ့တွင် ခလရ ၂၅၈ တပ်ရင်းမှ တပ်သား စည်သူကျော် သည် လက်နက်မပါ၊ လက်ပစ်ဗုံး ၂ လုံး၊ ၅ ဒသမ ၅၆ ကျည် ဘောက် ၃ ဘောက်၊ ၅ ဒသမ ၅၆ ကျည် ၁၀၂ တောင့်တို့ဖြင့် Southern YSO PDF ထံဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ လက်နက်ခဲယမ်းများ ယူဆောင်ပြီးအလင်းဝင်ရောက်ခဲ့သူများကို ဆုကြေးငွေကျပ် ၃၅ သိန်း တစ်ဦး၊ ၁၀ သိန်း ကျပ် ၂ ဦးပေးကာ ၎င်းတို့သွားလိုသည့်နေရာဒေသသို့ ပို့ဆောင်ပေးလိုက်ပြီဖြစ် ကြောင်း သိရသည်။
Thanlwin Myanmar Media