Sagaing News

0 0
Read Time:1 Minute, 21 Second

စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၉

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Wetlet Infomational Network ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၂၉ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၄၀ တွင် စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ လင်းယဉ်ရွာ သစ်ကို ၁ ကြိမ် ၊မွန်း တည့် ၁၂ နာရီ ၅၂ မိနစ်တွင် စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ကန်ကြီးရွာဘက်ကို တစ်ကြိမ် အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးမှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ်ဗုံး ကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုမသိရသေးကြောင်း သိရသည်။

 

“ပထမ ချတာက လင်းယဉ်ရွသစ်ဘက်လို့ သိရပါတယ်။ ဒုတိယက ကန်ကြီးကုန်းဘက်လို့ သိရပါ တယ်။ အထိအခိုက် မသိရသေးပါဘူး” ဟု Wetlet Infomational Network မှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *