Sagaing News

0 0
Read Time:3 Minute, 50 Second

ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာဘက်သို့ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခိုက်မှု စစ်သား ၂၇ ဦးသေဆုံး၊ စစ်တပ် Mi 35 ရဟတ်ယာဉ် ၁ စီး ထိမှန်ပျက်စီး၊ စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၉

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကြံသာရွာဘက်သို့ ထိုးစစ်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၂၇ ဦးသေဆုံးပြီး Mi 35 ရဟတ်ယာဉ်တစ်စီး ထိမှန် ပျက်စီးခဲ့ကာ စစ်တပ်၏ လေ ကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း Chinland Information Center နှင့် တော်လှန်ရေးသတင်းမြစ်ထံက သိရသည်။

 

ဧပြီလ ၂၇ ရက် နံနက် ၅ နာရီခန့်က ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာရွာဘက်သို့ စစ်ကောင်စီ တပ်က အင်အား ၂၀၀ ခန့် အသုံးပြုပြီး စစ်ကြောင်း ၂ ခု ဖြင့် ထိုးစစ်ဆင်လာသောကြောင့် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်သား ၂၇ ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာအား နယ်မြေရှင်းလင်းစဉ် စစ်သားအလောင်း ၇ လောင်း၊ လက်နက်ငယ် ၁၁ လက်နှင့်ခဲယမ်းအချို့ သိမ်း ဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဒဏ်ရာရ စစ်သားများကို ပြန်လည်သယ်ဆောင်သွားသည်များ ရှိသော်လည်း အချို့ကိုမူ ပစ်သတ်သွားကြောင်း သိရသည်။

“အလောင်း ၇ လောင်းနဲ့ လက်နက် ၁၁ လက်သိမ်းဆည်းရရှိခဲ့တာ။ Mi 35 က ထိမှန်ပြီး မီးခိုအူထွက် ကာ ဟံသာဝတီရွာဘက်ကို ဆင်းသွားတယ်၊ အခုထိတက်မလာနိုင်သေးဘူး။ အဲဒီနေ့က မနက်အစော ကြီး၊ စခ၊ ပျူပူးပေါင်းအင်အား ၂၀၀ လောက်နဲ့ မြေပြင် လက်နက်ကြီးပစ်ကူယူပြီး ကြံသာရွာဘက်ကို ကပ်လာတာ။ Mi 35 နဲ့မပစ်ခင် ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တွေနဲ့အရင်ဗုံးကျဲတယ်။ ၁၂၀ မမ လက် နက်ကြီးနဲ့က အလုံး ၂၀ ကျော်ထုတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

 

ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် အပြစ်မဲ့ပြည်သူများနေထိုင် ရာ နတ်ချောင်း၊ နတ်မြောာင်း၊ အောင်ချမ်းသာ ၊ သံဖိုနှင့် ငါးဖားတို့ကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှု ကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦးသေဆုံးခဲ့ကာ ရွာသူရွာသားများဘေးလွတ်ရာထွက်ပြေးနေကြရ ကြောင်း သိရသည်။

 

“မနေ့ကအထိကို လက်နက်ကြီးနဲ့ ၂ ချက်ထုသေးတယ်၊ ဒီဘက်မှဆိုရင် မိုးတွေရွာနေတာ၊ ကြံသာ၊ မှန်တော၊ အောင်ချမ်းသာရွာတွေက လူမနေတော့တာ ကြာပြီ။ စစ်ရှောင်နေကြရတာပါ” ဟု တော် လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

 

အဆိုပါ အကြမ်းဖက်စစ်ကြောင်းကို CNA ၊ CDF – KKG ၊ CDF Vakok ၊ MCR နှင့် ပြည်သူ့ကာကွယ် ရေးတပ်မတော် အမှတ် ၁ စစ်ဒေသတပ်ရင်း၊ တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်အထိအခိုက်မရှိ ခုခံတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် ငလျင်ဒါဏ်ကြောင့် အပစ်အခတ်ရပ်စဲထားသည်ဟု တရားဝင် ကြေ ညာချက်ထုတ်ပြန်ထားသော်လည်း ၎င်းတို့ ထုတ်ပြနချက်ကို ၎င်းတို့ကိုယ်တိုင် ချိုးဖောက်ကာ ထိုး စစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း Chinland Information Center က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *