မြန်မာ့အကြပ်အတည်း ပြေလည်ဖို့အတွက် အကြမ်းဖက်စစ်အုပ်စုက အဖြေမဟုတ်ဘူးလို့ NUG အသိပေး (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဧပြီလ ၂၉
မြန်မာ့အကြပ်အတည်း ပြေလည်ဖို့အတွက် အကြမ်းဖက်စစ်အုပ်စုက အဖြေမဟုတ်ဘူးလို့ အမျိုးသား ညီညွတ်ရေးအစိုးရ ၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က နိုင်ငံတကာသို့ အသိပေး ပြော ကြားလိုက်ပါတယ်။
ဒီနေ့ ဧပြီလ ၂၉ ရက်နေ့မှာ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် – ၉/၂၀၂၅”မှာ ထည့်သွင်းပြောကြားခဲ့တာပါ။
“လက်ရှိမှာ မြန်မာပြည်သူလူထုအပေါ် မအလနဲ့စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေကို ကျူး လွန်နေတာကို အာဆီယံအနေနဲ့ လျစ်လျူမရှုဖို့အရေးကြီးပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို လျစ် လျူရှုထား မယ်ဆိုရင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတည်ငြိမ်မှု တည်ဆောက်တဲ့လုပ်ငန်းစဥ်ကို ထိရောက် စွာကူညီပေးနိုင်မှာ မဟုတ်ပါဘူး ဆိုတာပြောကြားချင်ပါတယ်။ မြန်မာ့အကြပ်အတည်းပြေလည်ဖို့ အ တွက် အကြမ်းဖက် စစ်အုပ်စုဟာ အဖြေမဟုတ်ဘူးဆိုတာ သိသာထင်ရှားနေပါတယ်။” လို့ ဦးကျော်ဇော်က ပြောဆိုလိုက်ပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် နဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဝန်ကြီး ချုပ်တို့ ဧပြီ ၁၈ ရက်မှာ တရားဝင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တော်လှန်ရေး ၄ နှစ်တာအတွင်းမှာ ပထ မ ဆုံးအကြိမ် တရားဝင် ဆက်သွယ်ဆွေးနွေးမှုကို အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုတယ်လို့ ၎င်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
“ပြည်သူပြည်သားတွေလိုချင်တဲ့ ငြိမ်းချမ်းသာယာဝပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်အောင် ဦးတည်မယ့် အားလုံးပါဝင်တဲ့ ဒေသဆိုင်ရာ ဆွေးနွေးပွဲဖြစ်ဖို့အတွက် အရေး ပါတဲ့ အဆင့်တခုလည်း ဖြစ်တယ်လို့ ထင်မြင်မိပါတယ်။ အကျိုးရှိတဲ့ နောက်ထပ် ထိပ်သီးတွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်လာဖို့လဲမျှော်လင့်ပါတယ်။” လို့ ဦးကျော်ဇော် က ပြောပါတယ်။
Thanlwin Myanmar Media