KNU News

0 0
Read Time:2 Minute, 44 Second

ရွှေကျင်မြို့နယ်တွင် စစ်တပ်က ပြည်သူလူထုကို ပစ်မှတ်ထားကာ လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံးထိခိုက်ပျက်စီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၉

 

ပဲခူးတိုင်း၊ ရွှေကျင်မြိုု့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူလူထုနေထိုင်ရာကျေးရွာများ ကို ပစ်မှတ်ထားပြီး လက်နက်ကြီး၊ လေကြောင်းတို့မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ရကာ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

 

ဧပြီလ ၂၄ ရက် နံနက် ၁၀ နာရီခွဲခန့်က ရွှေကျင်(မူး)မြို့နဘ် အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ တပ် ခမရ-၄၃၉ တပ်ရင်းမှ သစ်ဖြူဆိပ်ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးကြောင်း သိရသည်။

ထို့အပြင် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် တံခွန်တိုင်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် လေးအိမ်စုကျေးရွာအတွင်းသို့ ၁၄ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၇၀ အရွယ် ဦးဝင်းနိုင်သေဆုံးပြီး အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၄၅ နှစ်အရွယ် အ မျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဆောထိမြို့နယ်၌အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) ပူးပေါင်း တပ်များအကြား ထိတွေ့ပစ်ခတ်မှုများ အကြိမ် ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီ လေတပ်မှ အကြိမ်ကြိမ် လာရောက်ဗုံးကျဲတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ် ခတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

ထို့ကြောင့် တိုက်ပွဲဖြင့်ရာအနီးရှိ ကျေးရွာများဖြစ်သော လိပ်ကုလားကျေးရွာ ၊ စံဒွန်းကုန်း ၊ ကွမ်းဆိပ် ကျေးရွာ၊ ကျုံချောင် ၊ ညောင်ခြေထောက်ကျေးရွာ၊ ဝင်းကံကျေးရွာ နှင့် ရှမ်းစု / ဇလုပ်ကြီးကျေးရွာတို့ မှ အိမ်ခြေစုစုပေါင်း ၈၅၅ လုံးတွင်‌ နေထိုင်ကြသော လူဦးရေ ၄၁၉၆ ဦးမှာ ဘေးလွတ်ရာသို့ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *