ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းတွင် တောင်ပေါ်မှ ကျောက်တုံးပြုတ်ကျမှုကြောင့် လေဖြတ်နေ သော စစ်ဘေးရှောင်အဖိုးအို တစ်ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဧပြီလ ၂၉
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် တောင်ပေါ်မှ ကျောက်တုံးပြုတ်ကျလာမှုကြောင့် လေဖြတ်နေသော စစ်ဘေးရှောင်အဖိုးအို တစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း Jobs For Kayan ထံမှ သိရသည်။
ယနေ့ ဧပြီလ ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်က ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် မိုးရွာသွန်းပြီး တောင်ပေါ်မှ ကျောက်တုံးပြုတ်ကျကာ စစ်ဘေးရှောင်မိသားစုများနေထိုင်သည့် တဲ့အိမ်တစ်ပေါ်သို့ ပြုတ်ကျခဲ့ရာ လေဖြတ်ပြီး အိမ်ပျော်နေသော အသက် ၇၀ ကျော်အရွယ် အဖိုးအိုတစ်ဦးထိခိုက်သေ ဆုံးကာ နေအိမ် တစ်ခြမ်းပျက်စီးသွားကြောင်း သိရသည်။
“စစ်ဘေးရှောင်နေတဲအိမ်ပေါ်ကျတာ၊ ရွာမဟုတ်ဘူး။ သေဆုံးသွားတဲ့အဖိုးက အသက် ၇၀ ကျော်ပြီ။ လေဖြတ်ထားတယ်။ အဲဒီအိမ်ထဲမှာ စစ်ရှောင်မိသားစု ၆ ဦးရှိတယ်။ မိုးရွာတော့ အိပ်နေကြတာ။ ကံဆိုး ကံကောင်းပဲပြောရမလား။ ကျောက်တုံးလိမ့်ကျတဲ့အချိန် ကျောက်တုံးက ခုန်သွားပြီး အဖိုး အိပ်နေတဲ့နေရာကို ကျသွားတာ။ အိမ်မကြီးတည့်တည့်ကျရင်မတွေးရဲစရာပါပဲ၊ အိမ်ကတော့ တခြမ်း ပျက်စီးသွားတာပေါ့၊ နောက်ထပ်တက်ကြည့်ခဲ့တာ၊ ထပ်ပြုတ်ကျနိုင်တဲ့ကျောက်တုံးကြီး ၂ တုံးကျန် သေးတယ် ” ဟု Jobs For Kayan မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ငလျင်ဒဏ်နောက်ဆက်တွဲကြောင့် တောင်ပေါ်ရှိ ကျောက်တုံးများမှာ ခိုင်ခံ့မှုမရှိတော့ဘဲ မိုးသွန်းချိန် တွင် ပြုတ်ကျနိုင်သောကြောင့် ကျောက်တောင်အနီး နေထိုင်နေကြသည့် စစ်ဘေးရှောင် ပြည်သူများ အနေဖြင့် အထူးဂရုစိုက်နေထိုင်ပေးကြပါရန် Jobs For Kayan က တိုက်တွန်းထားသည်။
Thanlwin Myanmar Media