Bago News

0 0
Read Time:1 Minute, 45 Second

ဖြူးမြို့နယ်၊ လေးအိမ်စုကျေးရွာအတွင်းဝင်ရောက်လာသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၉

 

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်လမ်းပေါ်ရှိ လေးအိမ်စုကျေးရွာအတွင်း ဝင်ရောက် လာသော စစ် သားများကို ၂ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက် သေဆုံးမှုရှိ နိုင်ကြောင်း ဖြူးမြို့နယ်ပကဖထံမှ သိရသည်။

 

ဧပြီလ ၂၅ ရက်နေ့က ၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်လမ်းပေါ်ရှိ လေးအိမ်စုကျေးရွာအတွင်း ဝင်ရောက် လာသော စစ်ကောင်စီတပ်သားများကို ဖြူးမြို့နယ်ပကဖ ဒရုန်းအဖွဲ့မှ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် 1.5Kg ဗုံးသီး ၁ လုံး၊ ၃ နာရီ ၂၉ မိနစ် တွင် 1.5Kg ဗုံးသီး ၁ လုံးနှင့် (၅ နာရီ ၅၄ မိနစ်တွင်1.5Kg ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီလ ၂၆ ရက်နေတွင်လည်း အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဖြူး မြို့ နယ်ပကဖ ဒရုန်းအဖွဲ့မှ နံနက် ၈ နာရီ ၅၃ မိနစ်တွင်1.5Kg ဗုံးသီး ၁ လုံးနှင့်ညနေ ၅ နာရီ ၁၃ မိနစ် တွင် 1.5Kg ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *