Tanintharyi News

0 0
Read Time:3 Minute, 23 Second

ထားဝယ်မြို့နယ်၊ ဟားလီးကွေ့စစ်တပ်စခန်းကို သိမ်းပိုက်မှု ဗိုလ်ကြီး ၁ ဦးသေဆုံးပြီး ၁၆ ဦးအရှင် ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၈

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦးသေဆုံးပြီး ၁၆ ဦးအရှင်ဖမ်းမိခဲ့ကြောင်း ဒူရက စစ်ကြောင်းက ထုတ်ပြန်သည်။

 

ဧပြီလ ၂၆ ရက် နံနက် ၆ နာရီဝန်းကျင်က ထားဝယ်မြို့နယ် ၊မောင်မယ်ရှောင်ကျေးရွာ၊ ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှိသော ဟားလီးကွေ့ စစ်ကောင်စီတပ်စခန်းကိုတော်လှန် ရေးညီနောင်မဟာမိတ်ရဲဘော်များမှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ် က လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူ အမြောက်အများ အသုံးပြုကာ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ကူအမြောက်အများ အသုံးပြုတိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးညီနောင်မဟာမိတ်ရဲ ဘော်များက စစ်ကောာင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ စခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်ကြီး ၁ ဦး သေဆုံးပြီး ၁၆ ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊ ထို့အပြင် MA1 အမျိုးအစား သေနတ် ၉ လက် ၊ MA2 အမျိုး အစားသေနတ် ၁ လက်၊ MA3 အမျိုးအစား သေနတ် ၆ လက်၊ MA4 အမျိုးအစား သေနတ် ၁ လက်၊ MA11 အမျိုးအစား သေနတ် ၁ လက်၊ BA 100 အမျိုးအစေား သေနတ် ၁ လက်နှင့် ဆက်စပ်ပစ္စည်း များသိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ KNU တပ်မဟာ ၄ တပ်ရင်း ၁၂ တပ်ခွဲ ၅ ၊ ဥဩစစ်ကြောင်း၊ Dawei Guerrilla Revolutionary Foce (DGRF)। Tavoy People Liberation Force (TPLF)। ໑໐໑ (7) Sky Ghost Drone Force 1 ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့နှင့် အရှေ့တော ပြည်သူ့ကာကွယ်ရေးအင်အားစု တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန် ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန် တိုက်တွန်းထားသည်။

 

ထို့အပြင် တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်မှ အချိန်မရွေး လေကြောင်းအသုံးပြုတိုက်ခိုက်မှု များရှိနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ်ရေးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို လိုက်နာကျင့်ကြံကြပါရန် ဆက်လက်တိုက်တွန်းထားသည်။

 

တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည် လို သော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်း ပေးကြပါရန် ဖိတ်ခေါ်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *