Sagaing News

0 0
Read Time:1 Minute, 58 Second

မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာသို့ ဝင်ရောက်လာသော စစ်ကြောင်းကိုတိုက်ခိုက်မှု စစ်သား ၁၃ ဦး သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၈

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း Sun King Envoy (LPDF) တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၄ ရက် နံနက် ၉ နာရီ ၂၁ မိနစ်က မုံရွာမြို့နယ် ခိုးသန်းကျေးရွာဘက်သို့ နယ်မြေ ကင်းလှည့် လာသော အင်အား ၂၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို မီတာ ၃၀ ခန့်အကွာ အဝေးမှ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နမခ ၇၄၇ တပ်ရင်းမှ တပ်ကြပ်ကြီး ချင်းလေး အပါအဝင် စုစုပေါင်း ၁၃ ဦး နေ ရာမှာပင်သေဆုံးသွားကြောင်း သိရသည်။

ယင်းတိုက်ပွဲသည် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး ကျည်မလုံလောက်ခြင်း၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ် – နမခ မှ စက်တပ်လေထီးနှင့် Mi 35 အပါအဝင် ကျောက်စစ်ပုံအမြောက် တပ်မှ ၁၂၀ လက်နက် ကြီးများဖြင့် ပစ်ကူပေးသည့်အပြင် စစ်ကူစစ်ကြောင်းများပါ ရောက်လာသောကြောင့် လက်နက် ကောက်ယူနိုင်ခြင်း မရှိပဲ ပြန်လည် ဆုတ်ခွာခဲ့ရသည်ဟုဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပ.က.ဖ မှဦးဆောင်၍ Sun King Envoy (LPDF) ၊ Black Falcon Guerrilla Force ၊ Tribal Force ၊ တိုက်နယ် (၅) ပကဖ ၊ မုံရွာခရိုင် တပ်ရင်း (၁) ၊ God fo Monyaw ၊ Gold Eagle ၊ God fo Snake နှင့် ယက္ခ တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည် ။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *