မုံရွာမြို့မှ ထွက်လာသော စစ်ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်
သံလွင်မြန်မာသတင်း
ဧပြီလ ၂၈
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် နတ်ရေကန်ကျေးရွာနှင့် ရေပိုးစားကျေး ရွာကြားတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း People’s Defence Force – South Monywa ထံမှ သိရသည်။
ယနေ့ ဧပြီလ ၂၈ ရက် နံနက်ပိုင်းက မုံရွာမြိုထဲမှ ထွက်လာသော Jammer ကား ၇ စီးအနက် ၅ စီး မြောက်နှင့် ၆ စီးမြောက်ကားကို ချောင်းဦးမြိုနယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် နတ်ရေကန်ကျေးရွာနှင့် ရေပိုးစားကျေးရွာ ကြားအရောက် ပဒေသာမိုင်းပွိုင့် ၃ လုံးပွိုင့် ၃ ပွိုင့်တို့ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိ ခိုက်မှုရှိပြီး အတိအကျသိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ၊ ဗျူဟာအမှတ် ၆၄ ၊ မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း ဖြစ်သော People’s Defence Force – South Monywa မှ ရဲဘော်များက ကင်းပုန်းများအထပ်ထပ်ချ ထားသည့် ကြားမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကင်းပုန်းစစ်သားများက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media