Read Time:1 Minute, 1 Second
ကဗျာကဏ္ဍ “သားကောင်”
ပျိုးကြဲလက်
ပြည်သူကို မုဆိုးဘဝနဲ့
အမဲလိုက်တဲ့ စစ်ခွေးတွေ ။
ငုံ့မခံ ပုန်ကန်ထသမို့
ပြေးကြရပေ ။
နိုင်စားလွန်းလို့ ကမ္ဘာမကြေ
နှိပ်စက်ပါစေ ထကြွ ။
မုဆိုးတွေ အခြေမလှတော့
သားကောင်ဘဝ ။
ရှေ့တန်းမှာ အသက်ပေးတဲ့
စစ်ခွေးတို့ တိုက်ဖော်တွေ ။
ထောက်ပံ့ဖို့ ဝေလာဝေး
ရွေးကောက်လို့နေ ။
ကျွန်ဘဝမှာ အသားကျလေ
မင်းတို့အဘတွေ ကောင်းစား ။
အရာရှိသာ အထာကျတယ်
မင်းတို့ကနွား ။
လက်နက်ကိုင် စရိုက်ကြမ်းနဲ့
ရမ်းကားတဲ့ ခွေးလိုကောင် ။
ကိုယ့်အခြေနေ ကိုယ်တိုင်သိက
မင်းသတိဆောင် ။
တော်လှန်တပ်တို့ လက်သံပြောင်
ခေါင်းဆောင်ပင် မချန်ဘူး ။
အခွင့်သာချိန် လက်နက်ချလို့
သက်ဆက်ကြဦး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၉ ရက် ညနေ ၃ နာရီ ၃၇ မိနစ်
Thanlwin Myanmar Media