Karenni State News

0 0
Read Time:3 Minute, 24 Second

မိုးဗြဲမြို့တွင်းသို့ လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် မိုးရွာသကဲ့သို့ ပစ်ခတ်ပြီး ထိုးစစ်ဆင်မှုကြောင့် ပြည်သူ ၁ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးပြီး ကာကင်းစခန်းတစ်ခုဆုတ်ပေးလိုက်ရ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၈

 

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့မှ မိုးရွာသကဲ့သို့ ဗုံးကျဲ တိုက်ခိုက်နေပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖဲ့ဝင် ၁ ဦးနှင့် ပြည်သူ ၁ ဦး ကျဆုံးကာ ရှေ့တန်းကာကင်း စခန်းတစ်ခုလည်း ဆုတ်ခွာပေးလိုက်ရကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ် ၁ သတင်းပြန်ကြားရေးဌာနထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့ကလည်း မိုးဗြဲမြို့ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၂ တပ်စခန်းမှ အင်အား ၁၀၀ကျော်ဖြင့် ထိုးစစ်ဆင်ခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက် ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး မိုးဗြဲတပ်ရင်း ၁ p3-1001 တပ်ရင်းမှ ရဲဘော်တစ်ဦး မြှင့်မြတ်စွာ အသက်စတေးခဲ့ရကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ဖြင့် ရမ်း သမ်းပစ်ခတ်မှုကြောင့် ကျေးရွာတစ်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦး ထိခိုက်သေ ဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီလ ၂၈ ရက် နံနက် ၅ နာရီခန့်ကလည်း မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၄၂၂ တပ်ရင်းမှ အင်အား ၃၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာခဲ့သဖြင့် ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ် ၁ လက်အောက်ရှိတပ်ရင်းတပ်ဖွဲ့ ၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF နှင့် အခြားမဟာမိတ်တပ်ပေါင်းစုတို့က ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ အထိနာသော အကြမ်းဖက်စစ်တပ်က ဖယ်ခုံ၊ လွိုင်ကော်မြို့များမှတဆင့် လက်နက်ကြီးများ ဖြင့် မိုးရွာသကဲ့သို့ ပစ်ကူပေးခဲ့သည့်အပြင်၊ ဂျက်ဖိုက်တာတိုက်လေယာဉ်ဖြင့်လည်း အသုံးပြု တိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့ လူထုနေအိမ်အများအပြားထပ်မံပျက်စီးခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေယာဉ် ပစ်ကူတို့ကြောင့် ရှေ့ကာကင်းတခု ဆုတ်ပေးလိုက် ရပြီး ချေမှုန်းတိုက်ခိုက်ရေးရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရပြီး တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

 

မိုးဗြဲမြို့ကို ဆက်လက်ထိန်းချုပ်နိုင်ရန်အတွက် ပြည်တွင်းပြည်ပရှိ ထောက်ပို့အလှူရှင်များအနေဖြင့် အမြန်ဆုံးဝိုင်းဝန်ကူညီကြပါနှင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်သောကြောင့် မိဘပြည်သူများအနေ ဖြင့် မိုးဗြဲမြို့ဘက်ကို ဖြတ်သန်းသွားလာလိုပါက မြေပြင်အခြေနေစုံစမ်းပြီးမှ သွားလာကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *