မင်းလှမြို့နယ်၊ သရော်ကုန်းရွာဘုန်းကြီးကျောင်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး စစ်သား ၁ ဦးကို အရှင်မိ၊ ၆၀ မမအပါအဝင် လက်နက် ၁၂ လက်နှင့်ခဲ ယမ်းများ သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဧပြီလ ၂၈
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သရော်ကုန်းရွာဘုန်းကြီးကျောင်းမှ ထွက်လာသော စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ ၆၀ မမ တစ်လက်အပါ အဝင် လက်နက် ၁၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရ သည်။
ယမန်နေ့ ဧပြီလ ၂၇ ရက် နံနက် ၉ နာရီခန့်က မင်းလှမြို့နယ်၊ ထောက်ကြန့်အုပ်စု၊ သရော်ကုန်ရွာ ဘုန်းကြီးကျောင်းမှ ထွက်ခွာလာသည့် အင်အား ၇၀ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို ခွက်မအုပ် စု၊ ငမိုးရိပ်ရွာအတွင်းသို့ အရောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ လေကြောင်းပစ်ကူခေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာ ၂ စီး၊ Mi35 ရဟတ်ယာဉ် ၁ စီးတို့ရောက်ရှိလာကာ ပစ်ကူပေးတိုက်ခိုက်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်သား များ ဖရိုဖရဲဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ စစ်သား အလောင်း ၁၀ လောင်း၊ လက်နက်ငယ် ၁၁ လက်၊ ၆၀ မမ ၁ လက်နှင့်ခဲယမ်းများ ၊ စစ်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တပ်ခွဲ ၁ Dragon Brothers (GBK-PDF) ၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို၊ တပ်ခွဲ ၅၊ တပ်ခွဲ ၆ Black Dragon (GBK-PDF) နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ ၊ သာယာဝတီ ခရိုင်တပ်ရင်း ၃၈၀၁ မှ တပ်ခွဲ ၆ AyeYarNyiNaung၊ ပဲခူးခရိုင် တပ်ရင်း ၃၇၀၁ တပ်ခွဲ ၅ တိုပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဧပြီလ ၂၇ ရက် နံနက်ပိုင်းကလည်း မင်းလှမြို့ယ်၊ စမ်းဘုတ်အုပ်စု၊ ကျွန်းကုန်းကျေးရွာ အနီးတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၈ ဆင်း စစ်ကောင်စီတပ်သား ၁ ဦးကို လက်နက် ၁ လက်၊ စစ်အသုံးအဆောင် ပစ္စည်းများနှင့်အတူ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ လက်အောက်ခံ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media