Sagaing News

0 0
Read Time:2 Minute, 14 Second

ကလေးမြို့တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၇

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူ များထံက သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၆ ရက် ညနေပိုင်းမှ ညပိုင်းအထိ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာနှင့် နတ် မြောင်းကျေးရွာတို့ကို အကြမ်းဖက်စစ်ကောာင်စီ၏ မိထ္ထီလာလေတပ်မှ တပ်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးသီး ၆ လုံး၊ Y12 လေယာဉ်ဖြင့် ဗုံးသီး အလုံး ၃၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းများပြားကြောင်း သိရသည်။

အလားတူ ယနေ့ ဧပြီလ ၂၇ ရက် နံနက်၈ နာရီ ၃၀ မိနစ်က ကလေးမြို့နယ်တောင်ပိုင်းရှိ အောင်ချမ်း သာကျေး ရွာနှင့် ငါးဖားကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ၏ မိတ္ထီလာရှမ်းတဲလေးလေတပ်မှတက် လာသော ဂျက်ဖိုက်တာ ၁ စီး၊ Y12 လေယာဉ် ၁ စီး တို့ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

“ဘာတိုက်ပွဲမှ မရှိပဲနဲ့ ကျဲနေတာပါ။ မနေ့က နတ်ချောင်းရွာကို ဂျက်ဖိုက်တာ ၂ စီး၊ Y12 လေယာဉ် ၁ စီးနဲ့ တစ်ရွာလုံးကို ပတ်ပြီး ကျဲချပစ်ခတ်တိုက်ခိုက်သွားတာ။ ပြည်သူ ၃ ဦးသေတယ်၊ ထိခိုက်ဒဏ်ရာ ရှိတဲ့သူတွေလည်းမျးတယ်။ ဒီနေ့မနက်က အောင်ချမ်းသာရွာနဲ့ ငါးဖားရွာကို တိုက်ခိုက်သွားတာ၊ ဗုံး အလုံးရေတော်တော်များတယ်။ ဆိုင်ကယ်မောင်းနေတဲ့ ပြည်သူ ၁ ဦးသေတယ်။ နွားတွေလည်း သေတယ်” ဟု ဒေသနေပြည်သူ ၁ ဦးက ပြောကြားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *