Sagaing News

0 0
Read Time:3 Minute, 57 Second

ချောင်းဦးမြို့မရဲစခန်းမှ ထွက်လာသော စစ်ကြောင်းနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲ၊ ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၇

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့မရဲစခန်းမှ ထွက်လာသော စစ်တပ် စစ်ကြေင်းနှင့် စစ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း Royal Tiger Force ပြောက် ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၀ ရက် နံနက် ၅ နာရီ ၃၀ မိနစ်က ချောင်းဦးမြို့မှရဲစခန်းမှ အင်အား ၁၀၀ ခန့်ဖြင့် ချောင်းဦး မြို့၏အရှေ့ဘက် ဟန်သစ် ဆီဆိုင်အနီး ငါးယှန်ရွာ၏ မြောက်ဘက်သို့ထွက်လာသော စစ်ကောင်စီ စစ်ကြောင်းကို ပဒေသာမိုင်းတွဲ ၁၀ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦး အ ပြင်းအထန် ဒဏ်ရာနှင့် ၃ ဦး အသေးစားဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ မှ ထွက် လာသော သံပြားကာ ကား ၈ စီးအနက် ရှေ့ဆုံးကား ၂ စီးကို မုံရွာ -မန္တလေးလမ်းမပေါ် တနေရာတွင် ပဒေသာမိုင်းတွဲ ၂ တွဲ စုစုပေါင်း မိုင်းအလုံး ၁၀ ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပထမကားမှာ မိုင်းထိသည့် နေရာတွင် ထိုးရပ်သွားကြောင်း၊ အလားတူ ဒုတိယကားမှာလည်း ကားကို ကာထားသည့် သံပြား များ လွင့်စင့်သွားကာ ကားပေါ်ပါ စစ်သား ၂ ဦး သေဆုံးကာ ၆ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“မုံရွာကနေ ထွက်လာတဲ့ ကားတန်းတွေကို လုံခြုံရေးယူပေးဖို့ ထွက်တဲ့စစ်ကြောင်းပါ။ ကင်းပုန်းတွေ ချတာ၊ ပထမ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်တာက ၃ ဦးသေတယ်။ ကားတန်းကို မိုင်းဆွဲတာက ၂ ဦး သေတယ်၊ ကား ၂ စီးပျက်စီးတယ်။ ပထမကားက နေရာမှာတင်ထိုးရပ်သွားတာ။ ဒုတိယမြောက် ကားက ကာလာတဲ့ သံပြားတွေပါ လွင့်ထွက်ကုန်တာ။ စခ ၂ ဦးသေပါတယ်။ချောင်းဦးရဲစခန်းထဲက နေ ထပ်ထွက်လာတဲ့ စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကျဲတာက ၅ ဦးသေပါတယ်။ ထပ်တိုးသေဆုံးစာရင်း တော့မရှိပါဘူး။ ခြေပြတ် ၁ ဦးတော့ရှိပါတယ်၊ ဒဏ်ရာရတာတွေလည်း များပါတယ်” ဟု Royal Tiger Force ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ချောင်းဦးမြို့မ ရဲစခန်းမှ လုံခြုံရေးယူပေးရန် အင်အား ၈၀ ကျော် ဖြင့် ထွက်လာသော စစ်ကြောင်းကို နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် ဒရုန်းများဖြင့် ၄ ကြိမ် ဗုံးသီး ၂၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်းသေဆုံးသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့နှင့်အတူ ၊ မုံရွာခရိုင် အမှတ် ၁၂ တပ် ရင်း တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲ ၊ Nway Oo Brother Coloum (နွေးဦးညီကိုများစစ်ကြောင်း) နှင့် မုံရွာ ခရိုင် ပကဖ Drone လက်ရုံးတပ်တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“မိဘပြည်သူတွေကို ပြောချင်တာက ခရီးသွားတဲ့အခါမျိုးမှာ စစ်ကောင်စီယာဉ်တန်းတွေနဲ့ တွေ့ရင် ဝေးဝေးနေကြဖို့ ပြောချင်ပါတယ်” ဟု Royal Tiger Force ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *