ရေးမြို့နယ်အခြေစိုက် ခမရ ၅၈၈ တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်
သံလွင်မြန်မာသတင်း
ဧပြီလ ၂၇
မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင် အခြေစိုက် ခမရ ၅၈၈ တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေါနစစ်ကြောင်းတပ်ရင်း ထံမှ သိရသည်။
ဧပြီလ ၂၄ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်က ရေးမြို့နယ် မော့ကနင် အခြေစိုက် ခမရ-၅၈၈ တပ်ရင်း ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ရာ ထိ ရောက်စွာကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက် ဖျက်ရေးအဖွဲ့ (NMSP-AD) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းတို့ ပူးပေါင်းကာ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ပစ်ခတ် နိုင်ခဲ့ ကြောင်း သိရသည်။
Thanlwin Myanmar Media