ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်မှု ၆ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဧပြီလ ၂၆
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၊ ပျူစောထီး ၆ ဦးသေဆုံးခဲ့ကြောင်း မွန်တော်လှန်ရေးတပ် – MSRF က ထုတ်ပြန်သည်။
ဧပြီလ ၂၀ ရက် နံနက် ၇ နာရီ ၃၆ မိနစ်က ရေဖြူမြို့နယ် မင်းသားကျေးရွာရှိ စစ်ကောင်စီတပ်များ နှင့် လက်အောက်ခံ ပြည်သူ့စစ်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ နံနက် ၈ နာရီ ၃၀ မိနစ်အထိဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား၊ ပျူစောထီး ၆ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါန တပ်ရင်း စစ်ကြောင်း ၃ – (KBDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း – ၁ ၊ မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP-AD) ၊ ထားဝယ် တပ်တော် DNLA နှင့် KNU တပ်မဟာ ၆ KNLA တပ်ရင်း ၂၇ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ် ကြောင်း သိရသည်။
Thanlwin Myanmar Media