စလင်းမြို့နယ်တွင် သံချပ်ကာ ယာဉ် ၂ စီးပါ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကြောင်းမှူးပါ ၁၀ ဦး ထက်မနည်းသေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဧပြီလ ၂၆
မကွေးတိုင်း၊ စလင်းမြို့နယ်တွင် သံချပ်ကာယာဉ် ၂ စီးပါ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကြောင်း မှူးအဆင့်ရှိသူအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံမှ သိရသည်။
ဧပြီလ ၂၄ ရက်နေ့က စလင်းမြို့နယ်၊အနောက်ကန်ဘောင်ကျေးရွာသို့ ကံပြားဘက်မှ လာသော သံချပ် ၁ စီး၊ တင့်ကား ၂ စီး ၊ ၆ဘီး ၂ စီး၊ ၁၀ ပေ ၂ စီး နှင့် ၁၄ ပေ ၂ စီး စုစုပေါင်း ၉ စီး ခန့်ဖြင့် အင်အား ၂၀၀ ခန့် အသုံးပြုပြီး တက်လာသော စစ်ကြောင်းသည် သံချပ်ကာကားရှေ့ဆုံးတွင် ထား၍ တော်လှန်ရေး တပ်ဖွဲ့ဝင်များ စိုးမိုးနယ်မြေအတွင်းသို့ ဝင်ရောက်လာရာသဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်ပွဲအတွင်း စစ်ကောင်စီ၏ သံချပ်ကာကားမှာ ဝမ်းပြည့်ကျေးရွာရေမြောင်းထဲသို့ ထိုးကျ သွားခဲ့ပြီး ထို့သို့ ထိုးကျသွားသဖြင့် ကျန်ဖောကာများဖြင့် ဆွဲနေစဉ် လက်နက်ကြီးများဖြင့် ထပ်မံ ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုများအတွင်း စစ်ကြောင်းမှူးအပါအဝင် စစ်သား ၁၀ ဦး ထက် မနည်းသေဆုံးကာ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီး ဧပြီလ ၂၅ ရက်နံနက် ၅ နာရီ ၂၀ မိနစ်တွင် စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ဗမာ့တပ်တော်၊ အမှတ် ၈၀၈ တပ်ရင်း၊ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း၊ မင်း ဘူးခရိုင်အမှတ် ၅ တပ်ရင်း၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့၊ ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့(စလင်း)၊ ဒေါင်းစစ်အောင် LPDF၊ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့ နှင့် မင်းဘူး ခရိုင်လက်ရုံးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦး ၄၀ မမ ဗုံးသီးစ ထိမှန်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်တပ်က အင်အားများစွာသုံး၍ စစ်ကြောင်းများခွဲကာ ဝင် ရောက်လျက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် လေယာဉ်အန္တရာယ်နှင့် လက်နက်ကြီး အန္တရာယ်များမရှိစေရန် ဗုံးခိုကျင်းများ တူးထားရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၏ ညွှန်ကြား ချက်များကို တသွေမတိမ်း လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
Thanlwin Myanmar Media