Magway News

0 0
Read Time:3 Minute, 2 Second

ဆင်ပေါင်ဝဲလ်မြို့နယ်ရှိ ကပစ ၁၃ ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု ၁၀ လုံးစလုံး ပစ်မှတ်ကို ထိမှန်ပေါက်ကွဲပြီး ထိခိုက်သေဆုံးပျက်စီးမှုများပြား

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၆

 

မကွေးတိုင်း၊ ဆင်ပေါင်ဝဲလ်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ကပစ ၁၃ အား ၁ဝ၇ မမ ရှော့ တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ရာ ၁၀ လုံးစလုံးပစ်မှတ်ကို ထိမှန်ပေါက်ကွဲပြီး ထိခိုက်သေဆုံးပျက်စီးမှု များပြားခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ထုတ်ပြန်သည်။

 

ယမန်နေ့ ဧပြီလ ၂၅ ရက် ည ၁၂ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ်ရှိ စစ်ရှုံးကောင်စီ၏ အမှတ် ၁၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၃) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁ဝ လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ၁၀ လုံးစလုံး အရေးပါသော Primer စက်ရုံအပါအဝင် အခြားစက်ရုံများကိုထိမှန် ပေါက်ကွဲ ခဲ့ပြီး ထိခိုက်မှုအများအပြားရှိကြောင်း ၊ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကိုBrave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Shadow (အညာ) ၊ No More Dictatorship- NMD အဖွဲ့ ၊ Eagle Brigade အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး နယ်မြေခံ Upper Minhla P.D.F နှင့် People independence army (PIO/PIA) အဖွဲ့တို့ ကလည်း အဘက် ဘက်မှ အဆင်ပြေအောင်အားဖြည့်ကူညီခဲ့ကြောင်း သိရသည်။

 

ကပစ ၁၃ သည် ပြည်သူများကို သတ်ဖြတ်ရာ၌ စစ်ရှုံးကောင်စီအဓိကအသုံးပြုနေသော အသေးစား ကျည်ဆံမှအစ အကြီးစား လေယာဉ် ဗုံးသီးများအထိ ပြုလုပ်ရာတွင် အဓိကအသုံးပြုရသော Detonator နှင့် Primer(အစပျိုးယမ်း) များကို အဓိက ထုတ်လုပ် ပေးနေသည့် အရေးအပါဆုံးသော ကာကွယ်ရေးပစ္စည်းစက်ရုံဖြစ်သည်။ စစ်ရှုံးကောင်စီ၏ လက်နက်ခဲယမ်းထုတ်လုပ်ရေးတွင် ကျည် ဆံမှ စ၍ လက်ပစ် ဗုံး နှင့် missile များ အထိ ကပစ ၁၃ ၏ Primer စက်ရုံမှထုတ်လုပ်သော Primer များကို အသုံးပြုနေရသည့်အတွက် ထိုစက်ရုံပျက်စီးလျင် ၎င်း ကို မှီခို၍ ထုတ်လုပ်နေသော ကပစ ၃၊ ကပစ ၅၊ ကပစ ၇၊ ကပစ၁၂၊ ကပစ ၁၅ ၊ ကပစ ၁၇ နှင့် ကပစ ၂၁ တို့ ၏ ထုတ်လုပ်မှုများ လည်း ထိခိုက်မည်ဖြစ်ကြောင်း သိရသည်။

 

ပြည်သူများနှင့် တော်လှန်ရေး အင်အားစုများ ကို အဓိက ဒုက္ခပေးနေသော စစ်ကောင်စီ၏ စစ်ရေး အချက်အချာ နေရာများကို ဖြိုခွင်းနိုင်မှသာ နွေဦးတော်လှန်ရေးအောင်မြင်နိုင်မည်ဖြစ်သောကြောင့် ကျွန်ုပ်တို့ BWM နှင့် မဟာမိတ် အဖွဲ့များက ကပစ ၁၃ ကိုတိုက်ခိုက်ခြင်းဖြင့် BWM Mission 34 အ နေဖြင့်အောင်မြင်စွာ ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *