Magway News

0 0
Read Time:3 Minute, 58 Second

ကံမမြို့နယ်၊ ရေနံ့သာရဲစခန်းကို သိမ်းပိုက်ပြီးမီးရှို့ဖျက်ဆီး၊ ရဲတပ်ကြပ် ၁ ဦးကို လက်နက် ၁ လက်၊ ကျည်မျိုး စုံ ၁၀၀၀ ကျော်နှင့်အတူ ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၆

 

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ရေနံ့သာရဲစခန်းကို ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့မီးရှို့ဖျက်ဆီး ခဲ့ရာ ရဲ ၁ ဦးကို လက်နက် ၁ လက် ၊ ကျည်မျိုးစုံ ၁၀၀၀ ကျော်နှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သရက် ခရိုင်အမှတ် ၄ တပ်ရင်းထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၅ ရက် နံနက် ၅ နာရီက ကံမမြိုနယ် ၊ သရက် – ကံမ – ပြည် ကားလမ်းမဘေး ၊ ကပစ ၁၂ နှင့် ၁၃ မိုင် အကွာ၊ ရေနံ့သာကျေးရွာရှိ စခန်းမှူး မြတ်သွင်အောင် ဦးဆောင်သော ရေနံ့သာ ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အနည်းငယ်သာ ပြန်လည်ခုခံတိုက်ခိုက်ပြီး လက်နက်ချအညံ့ခံမည်ဟု ပြောဆိုသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ က အပစ်ရပ်ပေးခဲ့ကြောင်း၊ ထို့သို့ အပစ်ရပ်ပေးချိန်တွင် စခန်းမှူးအပါအဝင် ရဲများ လက်နက်ကိုယ်စီ ဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ရဲစခန်း အ တွင်း ဝင်ရောက်ရှင်းလင်းခဲ့ရာ ရဲတပ်ကြပ် အဆင့်သုံ့ ပန်း ၁ ဦး ဖမ်းစီးရမိပြီး ၊G3 အမျိုးအစား သေ နတ် ၁ လက်၊ G3 ကျည်ဘောက် ၃ ခု ၊ ကျည်မျိုးစုံ ၁၀၀၀ ကျော် ၊ ကား ၂ စီး ၊ ဆိုင်ကယ် ၄ စီးတို့နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းကာ ရဲစခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

 

“သူတို့က စခန်းရဲ့နောက်ဘက်မှာ တမံ ၂ ထပ်၊ ဘန်ကာ ၂ ခုပေါ့၊ ဘန်ကာဆိုတာကလည်း အုတ်နဲ့ ဆောက်ထားတဲ့ဘန်ကာနဲ့ အခိုင်အမာနေကြတာပေါ့၊ ကျနော်တို့ဘက်က စတင်တိုက်ခိုက်ခဲ့တဲ့ အခါမှာ အနည်းအပါးပဲ ခုခံပစ်တာရှိပြီးတော့ လက်နက်ချမယ်ပြောတာပေါ့၊ ပြောတော့ အပစ်ရပ်ပေး တဲ့အချိန်မှာ သူတို့တွေက အဲဒီရေနံ့သာစခန်းရဲ့နောက်ဘက်မှာရှိတဲ့ ရေနံ့သာချောင်းထဲက ကိုင်း တောတွေထဲထွက်ပြေးကြတာ။ စခန်းထဲဝင်ရှင်းတော့ ရဲသုံ့ပန်း တစ်ဦးဖမ်းမိတာ၊ သူနဲ့အတူ လက် နက် ၁ လက်၊ ကျည်ဘောက်တွေ သိမ်းဆည်းရရှိခဲ့တာ၊ နောက်ပြီးတော့ လက်နက်တိုက်ထဲက တော့ ကျည်ဆံတွေ၊ လက်ပစ်သီးတွေ သိမ်းဆည်းရရှိခဲ့တယ်။ သူတို့ဆီမှာ လက်နက်ခဲယမ်းအပိုမရှိဘူး။ သူတို့ ကိုယ်စီကိုင်ထားတဲ့ လက်နက်တွေနဲ့ပဲ ထွက်ပြေးကြတာ။ ရဲစခန်းကိုမီးရှို့ပေးခဲ့လိုက်တာ အ ကုန် လုံးပြာကျသွားတယ်” ဟု သရက်ခရိုင် အမှတ် ၄ တပ်ရင်း ၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင် အမှတ် – ၄ တပ်ရင်း မှ တပ်ခွဲ ၁ နှင့် တပ်ခွဲ ၂ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“ဖြစ်စဉ်ဖြစ်ပြီးတော့ ဒေသခံတစ်ယောက်ကို မေးစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်လို့တော့ သတင်း ကြားတယ်၊ တခြားထွေထွေထူးထူတော့မရှိဘူး။ မင်းတုန်း ၅ မိုင်ဂိတ်ကနေလည်း လက်နက် ကြီး ၂ ချက် ၃ ချက်ထုတာရှိတယ်။” ဟု သရက်ခရိုင် အမှတ် ၄ တပ်ရင်း ၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *