Bago News

0 0
Read Time:1 Minute, 38 Second

ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းမှ ထွက်လာသည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု နယ်ထိန်းခေါင်းဆောင် ငွေစိုးအပါအဝင် စစ်သား ၁၀ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၆

 

ပဲခူးတိုင်း ၊သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းမှ ထွက်လာသော စစ် သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နယ်ထိန်းခေါင်းဆောင်ငွေစိုးအပါအဝင် စစ်သား ၁၀ ဦးသေဆုံး ခဲ့ကြောင်း BTZM GBK PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၄ ရက်နေ့က ကြို့ပင်ကောက်မြို့နယ်အရှေ့ဘက် အလယ်ကုန်းတိုက်နယ် ရဲစခန်းမှ ကြို့ပင် ကောက်မြို့ဘက်သို့ ဦးတည်ကာ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မ တပ်ဖွဲ့ဝင်များ မြို့ ဘက်သို့ဦးတည် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အသင့်စောင့်ကြိုပြီး မိုင်းဆွဲပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှုအတွင်း နယ်ထိန်းခေါင်းဆောင် ငွေစိုးအပါအဝင် စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့မှ ရဲဘော်များက တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *