TNLA News

0 0
Read Time:2 Minute, 1 Second

နောင်ချိုမြို့နယ်၊ ကျောက်ကြမ်း၊ အုမ္မတီးကျေးရွာတို့ကို စစ်တပ်က ဓာတုအဆိပ်ဗုံး ၈ လုံးအပါအဝင် ဗုံးသီး ၃၅ လုံးကြဲချ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၅

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာတို့ကို စစ်ကောင်စီတပ်က ဓာတု အဆိပ်ဗုံး ၈ လုံးအပါအဝင် စုစုပေါင်း ဗုံးသီး ၃၅ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန် ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ ဧပြီလ ၂၄ ရက် ညနေ ၆ နာရီ ၂၄ မိနစ်မှ ၆ နာရီ ၅၀ မိနစ်အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာအနီးကို Y12 လေ ယာဉ်ဖြင့် ဗုံးသီး ၂၇ လုံး၊ အလားတူ ညနေ ၇ နာရီ ၂၉ မိနစ်တွင် အုမ္မတီးကျေးရွာအနီး၌ တိုက်ပွဲဖြစ် ပွားနေချိန် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် အဆိပ်ငွေ့ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်ကလည်း နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ အမှတ် ၉ဝ၂ တပ်စခန်း အနီးတွင် တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး ၁၅ လုံး ကြဲချခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည် အပစ်ရပ်သက်တမ်းကို ဧပြီလကုန်အထိ ထပ်မံတိုးထားသော်လည်း ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်အင်အား ဖြည့် တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကို လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *