Sagaing News

0 0
Read Time:1 Minute, 33 Second

စစ်တပ်ထိန်းချုပ်ထားသည့် ကလေးဝမြို့နယ်၊ မစိန်ကျေးရွာနှင့် မင်းကင်းမြို့နယ်၊ ကမ်းပြည့်ကျေး ရွာကို စစ်တပ်က လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၅

 

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ မစိန်ကျေးရွာနှင့် မင်းကင်းမြို့နယ်၊ ကမ်းပြည့်(ကဗျက်) ကျေးရွာတို့ ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးခဲ့ ကြောင်း ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

 

ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့တွင် ကလေးဝမြို့နယ်၊ မစိန်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရွှေမျောလုပ်ငန်း လုပ်ကိုင်နေသူ အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရသည့် မစိန်ကျေးရွာသည် စစ် ကောင်စီတပ်သားများ စိုးမိုးထိန်းချုပ်ထားသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

 

အလားတူ မင်းကင်းမြို့နယ်၊ ကမ်းပြည့်(ကဗျက်)ကျေးရွာကိုလည်း Y12 လေယာဉ်ဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ပြီး ထိခိုက်၊ ပျက်စီးမှုအခြေအနေအသေးစိတ် သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *