၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆောင်ဆန်းစုကြည် ကို ရွေးချယ်
သံလွင်မြန်မာသတင်း
ဧပြီလ ၂၅
၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို အကျဉ်းကျနေသော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်အား ရွေးချယ်လိုက်ကြောင်း ပြည်သူဂုဏ်ရည်အသင်းက ထုတ်ပြန်သည်။
၂၀၂၅ ခုနှစ် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဂုဏ်ပြုသူအဖြစ် အကျဉ်းကျခံနေရသော ပြည်သူ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ဂုဏ်အသင်း ဝင်ဌာနခွဲများက ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဘဝတလျောက်လုံး မြန်မာနိုင်ငံ နှင့် ပြည်သူများအပေါ် ထားရှိသော အနစ်နာခံမှု၊ မေတ္တာတရားနှင့် နိုင်ငံရေး ဦးဆောင်မှုများအပေါ် ကျေးဇူးတင်စကားဆိုခြင်းနှင့် အကြမ်းဖက် စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ ကြံ့ကြံ့ခံတွန်းလှန်နေ သည့် စိတ်ခွန်အားများကို ဦးညွှတ် ဂုဏ်ပြုခြင်းလည်း ဖြစ်ကြောင်း အသိပေးထားသည်။
မတရားဖမ်းဆီး ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ နိုင်ငံရေး အကျဉ်းသား များ နှင့်အတူ တမျိုးသားလုံး စစ်ကျွန်ဘဝ လွတ်မြောက်ရေးအတွက် ပြည်သူ့ဂုဏ်ရည် အသင်းကြီး က ဆက်လက် အားစိုက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှု ဆောင် အဖွဲ့က ထုတ်ပြန်ထားသည်။
၊ပြည်သူ့ဂုဏ်ရည် အသင်း၏ မူလရည်ရွယ်ချက်ဖြစ် သော မြန်မာပြည်တွင်းမှ ဂုဏ်ပြုသင့်၊ ဂုဏ်ပြု ထိုက်သူများကို ပြည်ပရောက် တိုင်းရင်းသားမြန်မာ မိသားစုများမှ ဝိုင်းဝန်းဂုဏ်ပြုကြခြင်းဖြစ် ကြောင်း သိရသည်။
Thanlwin Myanmar Media