စစ်ကောင်စီ၏တပ်မ ၅၅ စစ်သားများက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံထားရသူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး ၁ ဦးအပါအဝင် ၃ ဦးကို အုပ်စုဖွဲ့မုဒိမ်း ကျင့်၊ စစ်သားများက ရွာငံ၊ ရပ်စောက်၊ သာစည်မြို့နယ်တို့အကြမ်းဖက်မှုများတိုး မြှင့်လုပ်ဆောင်နေ
သံလွင်မြန်မာသတင်း
ဧပြီလ ၂၅
ရှမ်းပြည်တောင်ပိုင်း ရှမ်းပြည် နယ်တောင်ပိုင်း၊ ရွာငံ၊ ရပ်စောက်၊ သာစည်မြို့နယ်တို့တွင် တပ်မ ၅၅ စစ်သားများက အကြမ်း ဖက်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး အကြမ်းဖက်မှုပုဒ်မဖြင့်ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံရသူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး အပါအဝင် ၃ ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင်ခဲ့ ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်၊ မေလက အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၅၅ တပ်သားများက ရွာငံမြို့နယ် အတွင်း နေထိုင်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မဖြင့် ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံထားရသော အသက် ၂၃ နှစ်အရွယ် အမျိုးသမီးအပါအဝင် အမျိုးသမီး ၃ ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Photo – ပုံဟောင်း
စစ်ကောင်စီတပ်၏ ပိုမိုပြင်းထန်လာသော ညှင်းပန်းနှိပ်စက်မှုများ၊ အထူးသဖြင့် မီးရှို့ဖျက်ဆီးမှုများ ကြောင့် ယခုအချိန်တွင် နေရပ်စွန့်ခွာထွက်ပြေးသူ ၁၀၀၀ ကျော်ရှိလာခဲ့ပြီး ၎င်းတို့သည် ရွာငံရှိ တော တောင် များတွင် သွားရောက်ခိုလှုံနေကြရကြောင်း သိရသည်။
စစ်ကောင်စီ၏ စစ်ဆင်ရေးများကြောင့် အချို့မှာ ကြိမ်ဖန်များစွာ ထွက်ပြေးကြရပြီး ထိုကဲ့သို့ ဆင်းရဲ ဒုက္ခများစွာကို ကြုံတွေ့နေရသော်လည်း ထိုနေရပ်စွန့် ခွာထွက်ပြေးသူများသည် လူသားချင်းစာနာမှု အကူအညီများ လုံးဝမရသလောက်နီးပါး ဖြစ်နေကြောင်း အသိပေးထားသည်။
၂၀၂၂ ခုနှစ်၊ နှစ်လယ်ပိုင်းမှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရွာငံနှင့် ထိစပ်လျက်ရှိသော မြို့နယ်များနှင့် မန္တလေးတိုင်းတို့တွင် စစ်ကောင်စီတပ်သားများ၊ ရဲများနှင့် ဒေသခံ ပျူ စောထီးများက ဓနုကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့၏ ဩဇာလွှမ်းမိုးမှုကို တုန့်ပြန်ရန် ဒေသခံ ရွာသားများကို အစုလိုက်အပြုံလိုက် ညှင်းပန်းနှိပ်စက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ပို၍ ပြင်းထန်စွာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
SHRF သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းသိမ်းသည့်အချိန်မှစ၍ စစ် ကောင်စီတပ်သားများက ရွာငံမြို့နယ်ရှိ ကျေးရွာ ၅ ရွာတွင် တရားလက်လွတ်သတ်ဖြတ်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများ၊ ဥပဒေမဲ့ဖမ်း ဆီး မှုများ၊ ဖောက်ထွင်းလုယူမှုများနှင့် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် မေလမှစ၍ စစ်ကောင်စီတပ်သားများ၏ အကြမ်းဖက်မှုခံရသော ဒေသများသည် ပိုမိုကျယ်ပြန့်လာခဲ့ပြီး ရွာငံမြို့နယ်ရှိ ကျေးရွာ ၁၄ ရွာအပါအဝင် မန္တလေးတိုင်း သာ စည် မြို့နယ်တို့တွင် အကြမ်းဖက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။
လွန်ခဲ့သောလများအတွင်း ရွာငံမြို့နယ်၊ သာစည်မြို့နယ်တို့တွင် အကြမ်းဖက်စစ်သားများ၏ မီးရှို့ ဖျက်ဆီးနှုန်းမှာ သိသိသာသာမြင့်တက်လာခဲ့ပြီး အစောပိုင်းကာလများက တော်လှန်ရေးအဖွဲ့များနှင့် ချိတ်ဆက်မှုရှိသည်ဟု သံသယဝင်ခံရသော သူများ၏ အိမ်များသာ မီးရှို့ဖျက်ဆီးခံရသော်လည်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရွာငံမြို့ အနောက် တောင်ဘက်ရှိ မင်းပလောင်ကျေးရွာ တစ်ခုလုံးရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ ထိုသို့အကြမ်းဖက်စစ်သားများ၏ မီးရှို့ဖျက်ဆီးမှု ကြောင့် နေအိမ် စုစုပေါင်း ၁၇၀ လုံး ကို စစ်ကောင်စီတပ်မ ၅၅ တပ်သားများက ကျူးလွန်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ စစ်ကောင်စီသည် ဓနုတော်လှန်ရေးတပ်ဖွဲ့များကို လေကြောင်းတိုက် ခိုက်မှုများနှင့် လက်နက်ကြီးဖြင့်အပြင်းအထန်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၈ ရက် နေ့မှ ဇန်နဝါရီလ ၁၆ရက်နေ့အတွင်း ရပ်စောက်မြို့နယ်မြောက်ဖက်ရှိ ကျောက်ဂူကို စစ် ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့် ကျေးရွာသား ၃ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ရွာငံကို လေကြောင်း တိုက် ခိုက်မှုပြုလုပ်ခဲ့သဖြင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media