CDM News

0 0
Read Time:1 Minute, 27 Second

သန်လျင်မြို့နယ်ရှိ နေအိမ်ပေါ်တက်ပေါ်တာဆွဲခံရသည့် စစ်မှုထမ်းတပ်သား ၁ ဦး အလင်းဝင် (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၅

 

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင်နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးကာ စစ်မှုထမ်းအဖြစ်စေခိုင်းခံရ သူ တစ်ဦး အလင်းဝင်ခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်သည်။

 

ဧပြီလ ၂၀ ရက်နေ့က ပဲခူးတိုင်း၊ ပန်းတောင်း – တောင်ကုတ်လမ်းပိုင်းအနီးရှိ စစ်ကောင်စီ၏ ပုဂံကွဲ စခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီ၏ စစ်မှုထမ်း တသမင်းခန့် သည် ကျောင်းသားလက်ရုံး တပ် တော်သို့ အလင်းဝင်လာခဲ့ကြောင်း သိရသည်။

၎င်းသည် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် ၂၀၂၄ ခုနှစ်၊ မေလတွင် ရန် ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့နယ်အတွင်း နေထိုင်စဉ် နေအိမ်ပေါ်အထိတက်ကာ စစ်ကောင်စီ၏ ပေါ်တာဆွဲခြင်းခံခဲ့ရသူသဖြစ်ကြောင်း သိရသည်။

 

ထိုသို့ပေါ်တာဆွဲခံရပြီးနောက် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၄ စစ်သင်တန်းသို့ ပို့ဆောင်ခံခဲ့ရပြီး သင် တန်းဆင်းပြီးနောက် စကခ ၁၀ ၊ ခမရ ၃၆၅ တပ်ရင်း (မော်လိုက်) သို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *