Sagaing News

0 0
Read Time:1 Minute, 53 Second

အရာတော်မြို့စက်မှုလယ်ယာဂိတ်နှင့် အရာတော်မြို့မှ ထွက်လာသော တပ်ကြပ် ၁ ဦးကို ပစ်ခတ် တိုက်ခိုက်မှု တပ်ကြပ် အပြင်းအထန် ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၄

 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့၊ စက်မှုလယ်ယာဂိတ်နှင့် အရာတော်မြို့မှ ထွက်လာသည့် တပ်ကြပ် ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်ခတ်ခံရသည့် တပ်ကြပ် အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ – Danger Force ထံမှ သိရသည်။

 

ဧပြီလ ၂၂ ရက် နံနက် ၁၀ နာရီ ၄၄ မိနစ်က အရာတော်မြို့မှ အမှတ် ၅၀၀၄ တင့်ကားတပ် ရင်း သို့ သွားလာသည့် တ-ပ်-ကြ-ပ် ဝ-င်း-တင်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လမ်းခုလတ် တနေ ရာမှ အသင့်စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ညာဘက် ပခုံကျည်ထိမှန်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ ကြောင်း သိရသည်။

အလားတူ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင်လည်း အရာတော်မြို့၊ စက်မှုလယ်ယာဂိတ်အတွင်းရှိ အ ကြမ်းဖက်စစ်ကောင်စီတပ်သားများကို M 79 လောင်ချာဖြင့် ၄၀ မမ ဗုံးသီး ၁ လုံးပစ်ခတ် တိုက် ခိုက်ခဲ့ရာ ဂိတ်အတွင်းကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို Danger Force – မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ နှင် မုံရွာ ခရိုင် ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဘေး အန္တရာယ်ကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *