အပစ်အခတ်ရပ်စဲသည်ဟု ကြေညာထားသော်လည်း မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်တပ်က က ချင် ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးလှုပ်ရှားနေမှုများ တောက်လျှောက် လုပ်ဆောင်နေ
သံလွင်မြန်မာသတင်း
ဧပြီလ ၂၄
အပစ်အခတ်ရပ်စဲထားသည်ဟု ကြေညာထားသော်လည်း မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်တပ်က ကချင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးလှုပ်ရှားမှုများတောက်လျှောက်လုပ် ဆောင်လျက်ရှိကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ဧပြီလ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးက အရှေ့ဘက်ရှိ နမ့်မွန်း-မန့်ခုံးလမ်းမပေါ် စနွင်းကုန်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက် တာ ၂ စီးဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူထိခိုက်သေဆုံးမှုရှိကြောင်း၊ ထို့အပြင် ဧပြီလ ၂၂ ရက် ည ၁၁ နာရီခန့်ကလည်း မိုးညှင်းမြို့နယ်၊ KIA တပ်မဟာ ၉ ၊ တပ်ရင်း ၂၆ နယ်မြေရှိ တုံပင်ရွာဆေးခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
“မင်းအောင်လှိုင်အကြမ်းဖက်စစ်တပ်က အပစ်အခတ်ရပ်စဲထားတယ်ဆိုပေမယ့် ကချင်ပြည်နယ်မှာ တော့ စစ်ကြောင်းထိုးတာတွေ၊ လေယာဉ်နဲ့ ဗုံးကျဲတာတွေ တောက်လျှောက်လုပ်နေတယ်။ ၂၂ ရက် နေ ညနေ ၂ နာရီ ၄ ၀မှာလည်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးကန် အရှေ့ဘက် ခြမ်းပေါ့ နမ့်မွန်းနဲ့ မနန့်ခုံသွားလမ်းပေါ်မှာရှိတဲ့ စနွင်းကုန်းရွာကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ၄ လုံးချပြီး တော့ လေကြောင်းတိုက်ခိုက်မှုလုပ်သွားတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲနဲ့ လေကြောင်းကနေ တိုက် ခိုက်သွားတယ်၊ အဲဒီမှာ ပြည်သူတွေ ထိခိုက်သေဆုံးတာတွေရှိတယ်။ ပြီးလို့ရှိရင် ည ၁၁ နာရီမှာ လည်း အင်းတော်ကြီးတဝိုက်ပေါ့၊ တုံပင်ရွာ၊ အဲဒီမှာက KIA တပ်မဟာ ၉ ရင်း ၂၆ ဒေသဘက်ပေါ့၊ အဲ ဒီမှာရှိတဲ့ ဆေးခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်မှု လုပ်သွားတယ်။ အဲဒီမှာလည်း ထိခိုက်တာ တွေ ရှိနိုင်တယ်။”ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။
ထို့အပြင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝ – ကာမိုင်းလမ်းပေါ်တွင် စစ်ကြောင်းထိုးလှုပ်ရှားနေ မှုကြောင့် လဝကျေးရွာတွင် တိုက်ပွဲဖြစ်နေသည်မှာ ၁၀ ရက်ခန့်ရှိပြီဖြစ်ပြီး အကြမ်းဖက်စစ်တပ်က လဝကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်စစ်သားများကလည်း ပြည်သူ့နေ အိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
“ဒီရက်ပိုင်းမှာပဲ အကြမ်းဖက်စစ်တပ်က ဖားကန့်မြို့ကို စစ် ကြောင်းသွားလျှောက်ထိုးနေတာပေါ့၊ လဝရွာမှာတိုက်ပွဲဖြစ်နေတာ ၁၀ ရက်လောက်ရှိပြီ။ လဝရွာကိုလည်း မီးရှို့တယ်။ ဂျက်ဖိုက်တာနဲ့ ၅ ရက်လောက် ဗုံးလာကျဲသွားတယ်။ ပြီးရင် ဒီနေ့မှာ လည်း လဝနဲ့ ကာမိုင်းလမ်းပေါ်မှာရှိတဲ့ မခေါင်း တောင်ရွာတဝိုက်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေတာ အင်အား ၃၀၀ လောက်ရှိတယ်။ သူတို့က ဖားကန့်လမ်းကို နယ်မြေစိုးမိုးရေး လုပ်ချင်တာနေမှာ။ စစ်ကြောင်းတောက် လျှောက်ထိုး နေတယ်၊ စစ်ရေးလှုပ်ရှားမှုတောက်လျှောက်ရှိတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆို သည်။
အလားတူ သင်္ကြန်ကာလတုန်းကလည်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ မော်ဟန်ကျေးရွာ ကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး လာလှုပ်ရှားနေသဖြင့် မော်ဟန်ကျေးရွာနှင့်အနီးတဝိုက်ရှိကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း သိရသည်။
“သင်္ကြန်ကာလတဝိုက် လောက်ကလည်း ကချင်နဲ့ စစ်ကိုင်းအစပ် မော်ဟန်ကျေးရွာ တဝိုက်ကိုလည်း စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ဖွဲ့တွေက အင်အား ၃၀၀ လောက်နဲ့ မော်ဟန်ရွာကို စစ်ကြောင်းထိုး ထားတာရှိတယ်။ အဲဒီမော်ဟန်ကျေးရွာတဝိုက်က ပြည်သူတွေ စစ်ရှောင်နေကြရ တာပေါ့၊ အခုတ လောစစ်ကြောင်း ထိုးလှုပ်ရှားတာတွေက မော်ဟန်ရွာဘက်ရှိမယ်။ ပြီးလို့ရှိရင် လဝနဲ့ ကာမိုင်းကြား ဖားကန့်လမ်း ပေါ်မှာရှိမယ်။ ဗန်းမော်ကတော့နေ့တိုင်းဗုံးကျဲနေတာပေါ့ ဗန်းမော်ကိုလည်း လေ ကြောင်း တိုက်ခိုက်မှုနေ့တိုင်းရှိတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။
Thanlwin Myanmar Media