TNLA News

0 0
Read Time:3 Minute, 0 Second

နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာ၊ တောင်ခမ်းကျေးရွာတို့ကို စစ်ကောင်စီတပ်က ဓာတုအဆိပ်ဗုံး ၁၅ လုံး အပါအဝင် ဗုံးများ ကြဲချတိုက်ခိုက်မှု TNLA တပ်ဖွဲ့များ အပြင်းအထန်ထိ ခိုက်ဝေဒနာခံစားရ၊ နေ အိမ် ၅ လုံးလည်းပျက်စီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၃

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာ ၊ တောင်ခမ်းဒေသတို့ကို စစ်ကောင်စီတပ်က ဓာတုအဆိပ်ဗုံး ၁၅ လုံးအပါအဝင် ဗုံးသီးများ ကြဲချ တိုက်ခိုက်ခဲ့ရာ TNLA တပ်ဖွဲ့ဝင်များ အပြင်းအထန် ထိခိုက်ဝေဒနာခံစားခဲ့ရပြီး နေအိမ် ၅ လုံး လည်း ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနထံက သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်က နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာအတွင်းရှိ လူနေအိမ်များကို ပစ်မှတ်ထား၍ စစ်ကောင်စီတပ်က ၎င်းတို့ ကြေညာခဲ့သော အပစ်ရပ် ရက် ၂၀ ပြည့်နေ့တွင် ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူလူထုများ၏ နေအိမ် ၅ လုံး ထိမှန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၁ ရက်နေ့ကလည်း နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ ၉ဝ၂ တပ်စခန်းအနီးတွင် တိုက်ပွဲ ဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး ၁၅ လုံး ကြဲချခဲ့ရာ TNLA တပ်သား ၁ဝ ဦး ထိခိုက် ဒဏ်ရာရပြီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင်TNLA တပ်သားများ မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊စိတ်လှုပ်ရှား မြန် ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျကာ ဝေဒနာများလည်း ခံစားကြရပြီး ဆေးကုသမှုခံယူနေရ ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည့် အပစ်ခတ်ရပ်သည်ဟု ကြေညာထားသော်လည်း ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး PSLF/TNLAအုပ်ချုပ်သော မြိုနယ်များကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင် ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ  ပြုလုပ် လျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုသည်။

 

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူထု၏ အခက်အခဲများကို စားနာထောက် ထားသောအားဖြင့် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်လတာ တစ်ဖက်သတ် အပစ်ရပ် ကြောင်း ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *