Sagaing News

0 0
Read Time:2 Minute, 47 Second

စစ်ကိုင်းမြို့ပေါ်တွင်သောက်စားမူးယစ်ပြီး မင်းကွန်းဒေသသို့ ပြန်လာသော ပျူခေါင်းဆောင်နေလင်း နှင့် အဖွဲ့ကို တိုက်ခိုက်မှု ၇ ဦး သေဆုံးပြီး ၎င်းတို့စီးနင်းလာသော ကားကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၃

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှ သောက်စားမူးယစ်ပြီး မင်းကွန်းဒေသသို့ ပြန်လာသော ပျူအဖွဲ့ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ ၇ ဦးသေဆုံးပြီး ၎င်းတို့စီးနင်းလာသော ကားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယူနီ ကွန်းပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၀ ရက်နေ့က စစ်က်ိုင်းမြို့ပေါ်ရှိ မွေးနေ့ပွဲတစ်ခုသို့ သွားရောက်ပြီး သောက်စားမူးယစ်ကာ မင်းကွန်းဒေသသို့ ပြန်လာသော ပျူခေါင်းဆောင် နေလင်း(ခ) ရဲဘော်ကြီး နှင့် အပေါင်းအပါများကို လမ်းမှ စောင့်ကြိုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ဦးသေဆုံးသွားပြီး ၎င်းတို့စီးနင်းလာသည့် ကားကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

သေဆုံးသွားသော ပျူခေါင်းဆောင် နေလင်း (ခ)ရဲဘော်ကြီးသည် ၂၀၂၅ တစ်လပိုင်းက အဖွဲ့လိုက် ချေမှုန်းခံရသော ရွှေကျား၏ တပည့်အရင်းဖြစ်ပြီး လက်ရှိရွှေကျားနေရာကို ဆက်ခံထားသူ ဖြစ် ကြောင်း၊ ဘုန်းကြီးဝေပုလ္လဦးဆောင်သော ပျူအဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်ကြောင်း သိရသည်။

 

ထို့သို့ ပစ်ခတ်တိုက်မှုအတွင်း ၎င်းတို့နှင့်အတူ ပါရှိလာသော ကား ၁ စီးနှင့် ပျူ ၂ ဦးသာလွတ်မြောက် သွားပြီး မင်းကွန်းဒေသမှ စစ်ကူ ကား ၂ စီး၊ စစ်ကိုင်းမြို့မှ စစ်ကူကား ၃ စီး ရောက်ရှိလာခဲ့ကြောင်း၊ တို့ကြောင့် အပြီးသတ်ချေမှုန်းနိုင်ခြင်းမရှိပဲ ပြန်လည် ဆုတ်ခွာလာခဲ့ကြောင်း သိရသည်။

 

သို့သော်လည်း  ဧပြီလ ၂၂ ရက်နေ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ ပျူများစီးနင်းလာသော ကားပေါ်မှ G3 အမျိုးအစား သေနတ် ၁ လက် ၊ လက်ပစ်ဗုံး ၂ လုံး ၊ ၄၀ မမ ဗုံးသ်ီး ၂ လုံး နှင့် ကျည် အနည်းငယ်သိမ်းဆည်းနိုင်ခဲ့ပြီး ပျူများစီးနင်းလာသော ကားကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေး ထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ နှင့်အတူ Mingun PDF နှင့် တိုက်နယ် ပလဖတို့ ပူး​ပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *