အပစ်အခတ်ရပ်စဲထားသည်ဟု ကြေညာထားသော စစ်ကောင်စီတပ်က PNLA ဌာနချုပ် ဧရိယာကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီး
သံလွင်မြန်မာသတင်း
ဧပြီလ ၂၃
အပစ်ခတ်ရပ်စဲသည်ဟု ကြေညာသည့် စစ်ကောင်စီက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ၏ ဌာနချုပ်ဧရိယာအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။
ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ နံနက် ၈ နာရီမှ ၁၁ နာရီအထိ မည်သည့်တိုက်ပွဲဖြစ်ပွားခြင်း ၊ စစ်ရေး လှုပ်ရှားခြင်း မရှိပဲ မောက်မယ်မြို့နယ်၊ လွယ်ချယ်ကျေးရွာဘုန်းကြီးကျောင်းနှင့် နောင်ကျောကျေးရွာ တွင်တပ်စွဲထားသော စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များက PNLO ဌာနချုပ် ဧရိ ယာရှိ ကျေးရွာများနှင့်နောင်ထောင်ကျေး ရွာကို ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ၁၀ ကြိမ်ထက် မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“ဖြစ်စဉ်ကတော့ မနေ့ကဖြစ်တာပေါ့၊ စစ်ကောင်စီက သူတို့အပစ်အခတ်ရပ်စဲထားတယ်လို့ ကြေညာ ထားတဲ့ ရက်ရဲ့ နောက်ဆုံးရက်၊ပြီးတော့ လကုန်အထိ သူတို့ထပ်မံသက်တမ်းတိုးတဲ့ရက်ပေါ့၊ အဲဒီ ရက်မှာပဲ သူတို့က ကျနော်တို့ ဌာနချုပ်ရှိတဲ့နေရာက ကျေးရွာတွေ၊ နောင်ထောင်ကျေးရွာတွေကို ၈၁ မမ တွေ၊ ပြီးတော့ ဟောင်ဝှစ်ဇာလက်နက်ကြီးတွေ သုံးပြီးတော့မှ ပစ်ခတ်တိုက်ခိုက်တယ်၊ အနည်း ဆုံး ၁၀ ကြိမ်ပေါ့၊ ပေါက်ကွဲတာလည်းရှိတယ်၊ မပေါက်ကွဲတာလည်းရှိတယ်။ ပြည်သူလူထုရဲ့အိမ် တချို့ထိခိုက်တယ်။ လူထိခိုက်မှုတော့မရှိပါဘူး” ဟု PNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ခွန်းရိန်းယံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့သို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု၏ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီသည် ဧပြီလကုန်အထိ အပစ်ခတ်ရပ်စဲထားသည်ဟု ကြေညာ ထားသော် လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ဌာနချုပ်ဧရိယာအား လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း အသိပေးထားသည်။
“ဒီလုပ်ရပ်တွေက သေချာကြည့်လိုက်ရင် စစ်ကောင်စီက ကျနော်တို့ဒေသမှာပဲ မဟုတ်ဘူး။ တခြား ဒေသတွေမှာလည်း အပစ်ရပ်ထားတယ်ဆိုပြီးမှ ဗုံးတွေကျဲတယ်။ ကလေးသူငယ်တွေကအစသေဆုံး ရတယ်ဆိုတဲ့ ဟာတွေ တွေ့ရတယ်ပေါ့၊ ဒီဟာကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီက ငြိမ်ချမ်းမှု၊ တည်ငြိမ်မှုကို တကယ်လိုလားတာမဟုတ်ဘူး ဆိုတာ တွေ့နေရတဲ့အနေအထားဖြစ်ပါတယ်။ မြေင လျင်လှုပ်ပြီးနောက် တချို့ဒေသတွေနဲ့ ပအိုဝ်းဒေသမှာ လူသေတာတွေ၊ အိမ်ပြိုတာတွေလည်းရှိတော့ ကျနော်တို့တွေလည်း စစ်ရေးဖော်ဆောင်မှုတွေ၊ စစ်ရေးပြင်ဆင်မှုတွေ မလုပ်ပဲနဲ့ ပြည်သူလူထုရဲ့ ဒုက္ခ တွေကို စာနာတဲ့အနေနဲ့ အပစ်ရပ်ထားတာမျိုးတွေရှိပါတယ်။ အဓိကတော့ ထိုးစစ်မလုပ်ပေါ့၊ ဒါပေ မယ့် စစ်ကောင်စီလည်း အဲလိုမျိုးကြေညာထားတဲ့အထဲမှာကိုပဲ ကျနော်တို့ကို တိုက်ခိုက်လာတာပေါ့” ဟု PNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ခွန်းရိန်းယံက ပြောဆိုသည်။
စစ်ကောင်စီသည် ယခင်တွင်လည်း PNLO ဌာနချုပ်ဧရိယာကို လက်နက်ကြီးများ ဂျက်ဖိုက်တာလေ ယာဉ်များဖြင့် တိုက်ခိုက်ခဲ့ဖူးကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media