Political News

0 0
Read Time:4 Minute, 0 Second

မင်းအောင်လှိုင်ဦးဆောင်သော ဖက်ဆစ်ကောင်စီ၏ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် နစ်နာခဲ့ရသော ပြည်သူလူထုအတွက် တရားမျှတမှုအမြန်ဆုံး ရရှိရေး ဖော်ဆောင်နိုင်မှုသည် တော်လှန်ရေးအင်အားစု များ၏ သွေးစည်းညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုအပေါ် များစွာ မှီတည်လျက်ရှိဟု PRA ပြော

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၂

 

မင်းအောင်လှိုင်ဦးဆောင်သော ဖက်ဆစ်ကောင်စီ၏ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့်နစ်နာခဲ့ရသော ပြည်သူလူထုအတွက် တရားမျှတမှုအမြန်ဆုံး ရရှိရေးဖော်ဆောင်နိုင်မှုသည် တော်လှန်ရေးအင်အားစု များ၏ သွေးစည်းညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုအပေါ် များစွာမှီတည်လျက်ရှိကြောင်း လူထု တော်လှန် ရေးမဟာမိတ်အင်အားစု (PRA-Magway) က ထုတ်ပြန်ပြောဆိုသည်။

 

မတ်လ ၂၈ ရက်နေ့၌ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် တစ်ပူ ပေါ် နှစ်ပူဆင့်ခဲ့ရသည့် ပြည်သူလူထုနှင့်အတူ လူထုတော်လှန် ရေးမဟာမိတ်အင်အားစု (PRA-Magway) အနေဖြင့် ရပ်တည်လျက်ရှိပြီး ထပ်တူထပ်မျှဝမ်းနည်းပူဆွေးရပါကြောင်း၊ ထို့ကြောင့် ရည် ရွယ်ထားသော ရန်ပုံငွေ ကမ်ပိန်းနှင့် အချို့သောစစ်ရေးလှုပ်ရှားမှု များကို ခေတ္တရပ်နားကာ နောက် ဆုတ်ခဲ့ပါကြောင်း အသိပေးထားသည်။

 

သို့သော်လည်း အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုများသည် ရပ်တန့်မသွားခဲ့ပဲ သဘာဝ ဘေးဒဏ်ကြောင့် ထိခိုက်ခံစားနေရသော အရပ် သား ပြည်သူများကို ပစ်မှတ်ထားကာ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ပြည်သူလူထုကို ဦးတည် တိုက်ပွဲဆင်နေသော အကြမ်းဖက်စစ်ကောင်စီ၏ ဖက်ဆစ်လုပ် ရပ်များကို လည်း ရှုတ်ချကြောင်း၊ တော်လှန်ရေးကာလအတွင်း ထိခိုက်နစ်နာခဲ့ရသော ပြည်သူလူထုအတွက် တရားမျှတမှုအမြန်ဆုံး ဖောင်ဆောင်နိုင်ရေးသည် တော်လှန်ရေးအင်အားစုများ၏ သွေးစည်းညီ ညွတ်မှုနှင့် ပူးပေါင်းဆောင် ရွက်နိုင်မှုတွင် များစွာမှီတည်လျက်ရှိကြောင်း လူထုတော်လှန်ရေး မဟာ မိတ်အင်အားစု (PRA-Magway) က ပြောဆိုထားသည်။

 

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) အနေဖြင့် စစ်သုံးစစ် တိုက်ဖျက်ရေးကို အ နိမ့် ဆုံးဘုံလုပ်ငန်းစဉ်အဖြစ်မှတ်ယူကာ မိမိတို့တစ်ဖွဲ့ချင်းသော်လည်းကောင်း၊ မဟာမိတ်တော်လှန် ရေးအဖွဲ့အစည်းများနှင့် ဟန်ချက်ညီ ပူးပေါင်းလက်တွဲ၍သော်လည်းကောင်း ပြည်သူလူထုကို မျက် နှာမူကာ အကြမ်းစစ်ကောင်စီကို ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

လူထုတော်လှန် ရေးမဟာမိတ်အင်အားစု(PRA-Magway) သည် ချမှတ်ထားသည့် ရည်မှန်းချက်၊ မူဝါ ဒနှင့် လမ်းစဉ်များ အတိုင်း စစ်ဆင်ရေး ရည်မှန်းချက်များကို တစ်ဆင့်ချင်း အကောင်အထည်ဖော် လျက်ရှိပြီး မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်း စစ်ဆင်ရေးဆောင်ရွက်မှု များကို မရပ်မနားဖော်ဆောင်ခဲ့သည့်အပြင် အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်မှုများ၊ ပိတ်ဆို့ဖြတ် တောက်မှုများကိုလည်း ပြည်သူလူထုနှင့်အတူ တသားတည်းရှိနေခဲ့ပြီး စစ်တပ်ကျူးလွန်သည့် စစ်ရာ ဇဝတ်မှုများကိုလည်း မှတ်တမ်းတင်ထားရှိပါကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *