Read Time:1 Minute, 4 Second
ကဗျာကဏ္ဍ “အညာပစ်တိုင်းထောင်”
ပျိုးကြဲလက်
ပြာပုံကို စုံကန်ထသကွယ့်
အညာမြေက ပစ်တိုင်းထောင် ။
စစ်မြေမှာ အံကိုခဲလို့
ဇွဲသတ္တိဆောင် ။
ခွန်အားဖြစ်ပေါ့ စစ်ဘေးရှောင်
မမေ့ပေါင် ချစ်မြဲ ။
စိတ်စေတနာ သဒ္ဓါထက်သမို့
တက်ကြွနေဆဲ ။
စာအုပ်ရိက္ခာ ဆေးဝါးနဲ့
စားသောက်ဖွယ့် လှူသကို ။
ခြုံစောင်နဲ့ အဝတ်အစား
တံတားထိုထို ။
စာသင်ဆောင်တို့ မချန်သလို
မီးဖိုချောင် သုံးတဲ့ပစ္စည်း ။
လူ့ပြည်မှာ အယူမလွဲတဲ့
အလှူပွဲကြီး ။
ရေမီးရယ် ငလျင်ဘေး
ကယ်ဆယ်ရေး မလွတ်ပေါင် ။
စစ်ဘေးဝယ် ကူညီမြဲမို့
အားခဲရွက်ဆောင် ။
သပိတ်ပွဲနဲ့ ပစ်တိုင်းထောင်
အညာ့ဂုဏ်ရောင် တင့်ဆန်း ။
ပစ်တိုင်းထောင် ကိုယ်ရည်သွေးကို
မွေးလိုက်ကြစမ်း ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက် ညနေ ၃ နာရီ ၂၀ မိနစ်
Thanlwin Myanmar Media