စလင်းမြို့နယ်တွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ကျော်သေဆုံးပြီး အလောင်းများကို ဖောကားဖြင့် တိုက်ပြီးသယ်ယူ (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဧပြီလ ၂၂
မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း၌ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ကျော်သေဆုံး ကာ သေဆုံးစစ်သားအလောင်းများကို ဖောကားဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ဗမာ့ တပ်တော် – အမှတ် ၃ စစ်ဦးစီးကွက်ကဲရေးရုံးထံက သိရသည်။
ဧပြီလ ၁၉ ရက် နံနက် ၉ နာရီ ၃၅ မိနစ်က စလင်းမြို့နယ်၊ နွယ်တမယ်ကျေးရွာမှ နွယ်တမယ် မြောင်းအတိုင်း ရှားတောရွာ ဘက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များထောင် ထားသော မိုင်းနင်းမိကာ ပေါက်ကွဲခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီတပ်သားများက မိုင်းရှင်းလင်း ရေးလုပ်ဆောင်ပြီး ဒဏ်ရာ စစ်သားများကို သယ်ဆောင်ကာ ဆက်လက်ချီတက်လာခဲ့ကြောာင်းသိရ သည်။
ထိုသို့ ချီတက်လာမှုကြောင့် ဗမာ့တပ်တော်၊ အမှတ် ၇၀၇ တပ်ရင်းနှင့် ပေါက်တောင်ပိုင်းကျန်းမာရေး နှင့် သူနာပြုတပ်ဖွဲ့တို့မှ စောင့်ကြို၍ ၁၁ နာရီ ၄၅ မိနစ်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း တော်လှန် ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသော ရှေ့ထွက်မိုင်းများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာများစွာရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းမှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်မှု လက်နက်ကြီးဗုံးသီးများ ပန်းတောကြီးကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသနေ ပြည် သူ ၇ ဦး ထိခိုက်ခဲ့ကာ အမျိုးသားတစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၀ ရက် နံနက် ၇ နာရီ ၅၇ မိနစ်တွင် စလင်းမြို့နယ်၊ သမြင်ကင်းဘက်မှ မိုင်းထောင်၍ ခုခံ တိုက်ခိုက် ရန်ပြင်ဆင်နေချိန်၌ အကြမ်းဖက်စစ်သားများက ညောင်ကုန်း၊ မယ်ဇလီရွာဘက်တွင် စ တင် ပစ်ခတ်ခဲ့ကြောင်း၊ အလားတူ ပန်းတောကြီးရွာနှင့် မြောင်းခွရွာဘက်နေရာများကိုလည်း ဒရုန်း ဖြင့် ပျံဝဲ၍ ကင်းထောက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် တော်လှန်ရေးတပ်ပေါင်းစုမှ အကြမ်းဖက် စစ်ကောင်စီ တပ် သားများ ရှိရာ နေရာ ညောင်ကုန်းပွိုင့်နှင့် ရှားတော လက်ပံပင်ပွိုင့်တို့ကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပန်းတောကြီးရွာ ကို ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရ သည်။
မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်တွင် အကြမ်းဖက်စစ်တပ် မြေပြင်စစ်ကြောင်းက ရှေ့ဆက်ချီတက်လာခဲ့ ရာ မယ်ဇလီကွေ့ရွာအထွက် မန္တလေးဘုရားကြီးအနီး၌ ဗမာ့တပ်တော်က ထောင်ထးသော နင်းမိကာ ပေါက်ကွဲခဲ့ပြီး ဗမာ့တပ်တော် ရဲဘော်များကလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၃ နာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်၊ မကွေးလေတပ်မှ Jet Fighter များဖြင့် ၅ ကြိမ် လေ ကြောင်းပစ်ကူပေးခဲ့ပြီး အဆိုပါဗုံးကျဲတိုက်ခိုက်မှုကြောင့် မြောင်းခွရွာမှ နေအိမ်တစ်လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကြောင်းသည် လေကြောင်းပစ်ကူအကြိမ်များစွာ အသုံးပြုလျက် ဆက်လက်ထိုးစစ်ဆင် လာခဲ့သော်လည်း တော်လှန်ရေး တပ်ပေါင်းစုများဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နောက်မဆုတ်တမ်း ပြန်လည်ခုခံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး ညနေ ၃ နာရီ ၄၄ မိနစ်တွင် နောက်သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားအများအပြား ထိခိုက်သေဆုံးခဲ့ပြီး လူနာများအား စလင်းဆေးရုံသို့ မပို့ဆောင်နိုင်ပဲ စစ်ဆေးရုံကိုသာ ပြောင်းရွှေ့ပို့ဆောင်နေသည်ဟု တပ်တွင်း သတင်းများအရ သိရှိရကြောင်း ဗမာ့တပ်တော် -BA က ထုတ်ပြန်ထားသည်။
ညနေ ၆ နာရီ ၁၇ မိနစ်တွင် ညောင်ကုန်းရွာနှင့် ရှားတောရွာဘက်ရှိ အကြမ်းဖက်စစ်သားများ ခေတ္တ အခြေပြုနေစဉ် ဗမာ့တပ်တော်နှင့် ပူးပေါင်းတပ်များမှ ဒရုန်းဗုံးများ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်အကျအဆုံးများခဲ့ပြီး အကြမ်းဖက်စစ် တပ်၏ မကွေးလေတပ်မှ လေကြောင်းပစ်ကူ ၇ ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“စခတွေ အသေအဆုံးများတယ်ဆိုတဲ့သတင်းကတော့ တော်တော်ရတယ်။ ခန့်မှန်းခြေ ၂၀ ကျော် ကျော် လောက် အသေအဆုံးရှိတယ်လို့ သိရတယ်။ ပြီးတော့ ဖောကားနဲ့ အသေ အလောင်းတွေကို လာတိုက်သွားတယ်လို့ သတင်းရတယ်။ စလင်းတပ်နယ်၂၅၃ ၊ ၃၅၄ ၊ ၂၅၅ ထဲတပ်ထဲကနေ ဖော ကားနဲ့လာတိုက် သွားတာ၊ ပခုက္ကတပ်မ ၁၀၁ လက်အောက်ခံတပ်ဖြစ်ပါတယ်။ လက်ရှိအထိတိုက်ပွဲ အခြေအနေက ဖြစ်နေတုန်းပဲရှိသေးတယ်။ မတည်ငြိမ်သေးဘူး။ အခုချိန်အထိ နွယ်တမယ်အထိ ရောက်အောင်တော့ မဆုတ်သေးဘူး။ ငှက်ပျောတောဘက်တွေမှာ ရှိနေတုန်းပဲရှိသေးတယ်။ လုံးလုံး ဆုတ် မသွားသေးတဲ့အတွက် ကာနေရတဲ့အနေအထားမျိုးပေါ့၊ သူတို့တွေတက်လို့ မရဘူးဖြစ် နေ တယ်။” ဟု ဗမာ့တပ်တော် – အမှတ် ၃ စစ်ဦးစီးကွက်ကဲရေးရုံး၊ ကွက်ကဲရေးမှူးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုများကို ဗမာ့တပ်တော် အမှတ် ၇၀၇ တပ်ရင်း၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့၊ ဒေါင်းစစ်အောင် LPDF ၊ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ မင်းဘူးခရိုင် လက်ရုံးတပ် ဖွဲ့၊ ပကဖ(စလင်း)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် လေကြောင်းပစ်ကူယူ၍ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာ များကို အင်အားအလုံးအရင်းဖြင့် ထိုးဆင်နေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နယ်မြေကို ထိုးဖောက်နိုင်ခြင်းမရှိသေးကြောင်း အသိပေးထားသည်။
စလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်မှ အင်အားများစွာသုံး၍ စစ်ကြောင်းများခွဲကာ ထိုးစစ် ဆင်နေသောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်၊ လက်နက်ကြီးအန္တရာယ်များ ကျရောက်ခြင်း မရှိစေရန် ဗုံးခိုကျင်းများ တူးထားရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၏ ညွှန်ကြား ချက်များကို တသွေမတိမ်း လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
Thanlwin Myanmar Media